မြန်မာနိုင်ငံ၌ အနိမ့်ဆုံးလုပ်ခ တစ်ရက်ကို မြန်မာငွေကျပ် ရ၀၀၀ နှုန်း ထားရှိသင့်ကြောင်း
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ) က တိုက်တွန်းပြောကြား
ခဲ့ကြောင်း အာအက်ဖ်အေ(မြန်မာပိုင်း) သတင်းတွင် ဖော်ပြပါရှိချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ
စိုင်းခိုင်မျိုးထွန်းက ၎င်းတို့၏တွက်ချက်မှုများ တွင် အလုပ်သမားတစ်ဦးချင်းစီ၏ ၀င်ငွေ ထွက်ငွေ
အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုသို့ အနိမ့်ဆုံးလုပ်ခ တွက်ချက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုမှ မြို့နယ်ပေါင်း ၄၉
မြို့နယ်တွင် ကွင်းဆင်းလေ့လာရာမှ သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့
သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ယခင်နှစ်
၂၀၁၃ ကစပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်
ဥပဒေပညာရှင်များ ပူးပေါင်း၍ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှ စက်မှုဇုန်များတွင် လုပ်ကိုင်
လျှက်ရှိနေသည့် အလုပ်ရှင်နှင့် အလုပ်သမားများထံမှ စစ်တမ်းကောက်ယူချက်များ ရှိခဲ့သည်။
















