မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးမဟာ ဘွဲ့ ယခုနှစ်စမည်

မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးမဟာ ဘွဲ့ ယခုနှစ်စမည်

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး မဟာဘွဲ့သင်တန်းများကို ယခုနှစ်အတွင်းစတင် ဖွင့်လှစ်
တော့မည်ဖြစ်ပြီး မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဘွဲ့ပေးအပ်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့
က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

ပထမဆုံးအကြိမ်ပေးအပ်သော အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် မဟာဗျူဟာနှင့် နိုင်ငံတကာ
လေ့လာရေးဌာနမှ ပါမောက္ခချုပ် ဒေါက်တာနေဇင်လတ်က "ဒီနေ့ (CSIS) Center for Strategic
and International Studies ရဲ့ ဂုဏ်ယူစရာ ၀ိသေသထူးတဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင်
အခမ်းအနားကြီးဟာ မမေ့နိုင်စရာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အနာဂတ်ကို ဦးဆောင်ကြမယ့်
နိုင်ငံရေးနဲ့ လူမှုစီးပွားအမြင်ရှိသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်
ဖွဲ့စည်း ဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

"မာစတာဘွဲ့အတွက်ကို ၂၀၁၄ ထဲမှာပဲ စသင်ကြားပါမယ်။ အခုဘွဲ့ရရှိတဲ့ ၁၂၆ ယောက်စလုံး
ဆက်လက်ပြီး တက်ရောက်သင်ကြားနိုင်ပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုပေးအပ်သောဘွဲ့မှာ Post Graduate Diploma in Political Management ဖြစ်ပြီး မဟာဘွဲ့
ရရှိနိုင်ရန်အတွက် ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတလမ်းညွှန်ချက်အရ Myanmar Development Resource Institute နဲ့အတူ
CSIS ကို ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး Myanmar Post Graduate
Certificate in Peace, Democracy and Development အချိန်ပြည့် နှစ်လသင်တန်းကို
အပတ်စဉ် (၆) အထိ ဖွင့်လှစ်သင်ကြား ပေးခြဲ့ပီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး