ဒလတစ်ဖက်ကမ်းဆိပ်ခံကို ပြန်လည်ပြုပြင်မည်

ဒလတစ်ဖက်ကမ်းဆိပ်ခံကို ပြန်လည်ပြုပြင်မည်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ဆိပ်ကမ်းရှိ လက်မှတ်ရုံနှင့် ခရီးသည်အတက်အဆင်း ဆိပ်ခံ
တံတားတို့ ကို JICA ၏ ပံ့ပိုးမှုဖြင့် ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်၍ အသစ်ပြန်လည်တည်မည်
ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနကို ကိုးကားကာ 7days daily က ဖော်ပြခဲ့
သည်။

ဒလဆိပ်ကမ်းရှိ လက်ရှိ ဆိပ်ခံတံတားနှင့် လက်မှတ်ရုံတို့ကို ဖြုတ်ချကာ ၁၀ ပေ ၀န်းကျင်အကွာ၌
ခရီးသည်အတက်အဆင်း တံတားတည်ဆောက်မည်ဖြစ်ပြီး လက်မှတ်ရုံကိုမူ မူလအကျယ်ထက်
နှစ်ဆခန့် တိုးချဲ့ဆောက်လုပ်မည်ဖြစ်သည်။

ဂျပန်နိုင်ငံအခြေစိုက် JICA အဖွဲ့က လိုအပ်သောငွေကြေးနှင့် နည်းပညာများကို ပံ့ပိုးသွားမည်ဖြစ်ပြီး
၂၀၁၅ ၌ အဆိုပါ ပန်းဆိုးတန်းဒလ ကူးတို့လိုင်းတွင် ပြေးဆွဲနိုင်ရန် သင်္ဘောသစ်သုံးစီး ကူညီပေး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး