ရန်ကုန်မြို့တွင် ယာဉ်နံပါတ်ပြား၌ သတ်မှတ်နံပါတ် မပါရှိဘဲ လူတစ်ဦး၏ အမည်ကို တပ်ဆင်
စီးနင်းနေသည့် မော်တော် ယာဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ အကြောင်းကြား အရေးယူတော့မည်
ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ကိုးကား၍ The Voice Weekly
ဂျာနယ်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ကရေးသားခဲ့သည်။
ဗဟန်းမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ချက်ထရီယမ် ဟိုတယ်အနီး ရပ်နားထားသည့် အဆိုပါ
ယာဉ်၏ ဓာတ်ပုံကို ဖေ့စ်ဘုခ် စာမျက်နှာတစ်ခုတွေ့ရှိရပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိ
ယဝန်ကြီးလည်း ဖြစ်သူဦးရဲထွဋ်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ယာဉ်နံပါတ်ပြား
ပေါ်၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) က တရားဝင် သတ်မှတ်ပေးသည့်
နံပါတ်ကို မတပ်ဆင်ဘဲ အမည်တပ် စီးနင်းသည်ကို မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူနိုင်ကြောင်း
ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိ ရဲမှူးတစ်ဦးက The Voice သို့ ပြောကြားသည်။
















