မြန်မာနိုင်ငံ၏ဒေသခံပြည်သူများကို အခြေပြုသော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်
အတွက် အာရှဖွံဖြိုးရေးဘဏ် (ADB) က အကူအညီပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက
ပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဗွီအိုအေ(မြန်မာပိုင်း)တွင် ဖော်ပြပါရှိသည်။
အာရှဖွံဖြိုးရေးဘဏ် (ADB) က ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် အိပ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေး လုပ်ငန်းစဉ်နှစ်ရပ် အတွက် ဒေါ်လာ သန်းနှစ်ဆယ်ကျော်ဖြင့် အကူအညီပေးခဲ့ပြီး
အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ စတင်
လုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင် ဒေသခံပြည်သူများကိုအခြေပြုသော
အစီအစဉ်များဖြင့် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစီအစဉ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် ၀န်ကြီးဌာနအချို့၏ လုပ်ထုံးလုပ်နည်းများကို
ဖြေလျှော့ပေးရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်နှင့် ၀န်ကြီးဌာနတာဝန်ရှိသူများအကြား မကြာမီတွင်
ဆွေးနွေးရန်ရှိနေကြောင်း သိရသည်။
















