အင်းစိန်မြို့နယ်တွင် ခွေးလေခွေးလွင့်များရှင်းလင်းသည့် ၀န်ထမ်းကိုရိုက်နှက်ခဲ့သည်ဆိုကာ
တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင်ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၀ နာရီ၁၅ အချိန်ခန့်တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်
သားသတ်ဌာနစုမှ ကိုလှထွေးသည် ခွေးလေခွေးလွင့်များရှင်းလင်း ရေးတာဝန်အရ အင်းစိန်မြို့နယ်
မြို့ပတ်လမ်းတွင်ခွေးဆေးချပြီး မြို့ပတ်လမ်းအတွင်း ဆိုင်ကယ်စီး၍ ပြန်လာ ခဲ့သည်။
ထိုသို့ပြန်လာစဉ် အင်းစိန်မြို့နယ်နေ သိန်းထွန်း(၂၃ နှစ်)မှ ဆိုကယ်ကို တားကာ အရင်တစ်ခါ
ခွေးစာချတာမင်းလား ဟုပြောဆိုကာ သံပိုက်ဖြင့်ရိုက် နှက်ခဲ့၍ ကိုလှထွေးတွင် ကျောကုန်း
အလယ်ညိုမဲရောင်ဒဏ်ရာတစ်ချက်ရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြား ခဲ့သည်။
အင်းစိန်မြို့မရဲခစန်းက(ပ)၁၈၂/၁၄ ပြစ်မှုပုဒ်မ ၃၃၂ အရ အမှုဖွင့်အရေးယူထား ကြောင်း
သိရသည်။
















