ပြည်တွင်းကုမ္ပဏီများအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ၀န်ဆောင်မှုလုပ်ငန်းများ
ပိုမိုရရှိရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းကို
ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟု ရန်ကုန်မြို့၌ ဖေဖော်ဝါရီလ ၁၅ နေ့က ကျင်းပပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
"မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ နိုင်ငံတကာကုမ္ပဏီတွေ ပိုပြီးဝင်ရောက်လာဖို့ ရှိပါ
တယ်။ နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ လာမယ့်နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ
နှစ်ဘီလီယံကနေ သုံးဘီလီယံလောက်အထိ ရင်းနှီးမြှုပ်နှံရဖို့ ရှိပါတယ်။ ဒီလုပ်ငန်းမှာ တိုင်းရင်း
သားလုပ်ငန်းရှင်တွေ များများရအောင် အခုလိုဖွဲ့စည်းရခြင်းလည်းဖြစ်ပါတယ်" ဟု အသင်းဥက္ကဌ
ဖြစ်သူ ဦးကျော်ကျော်လှိုင်က ပြောကြားသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းရှင် များအသင်းကို ဖွဲ့စည်းခွင့်ကို
၂၀၁၃ ခုနှစ်၊ မေလအတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် အဖွဲ့ဝင်အင်အား ၂၀၀ ခန့်
ရှိနေပြီဖြစ်သည်ဟု သိရသည်။ "အသင်းဝင်တွေထဲမှာ မြန်မာကုမ္ပဏီ ၂၀ ပါတယ်။ ပြည်ပကုမ္ပဏီ
ကတော့ လောလောဆယ် တစ်ခုပဲ။ တခြားပြည်ပကုမ္ပဏီငါးခုလောက်ကိုလည်း လက်ခံဖို့ စိစစ်
နေပါတယ်။ အသင်းဝင်အဖြစ် ပြည်တွင်း ပြည်ပကုမ္ပဏီတွေအားလုံး လက်ခံသွားမှာပါ" ဟု
အဆိုပါအသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ရဲစိုးက ပြောကြားသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် တက္ကသိုလ်
ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ဝင်စားသည့် အငယ်တန်းအင်ဂျင်နီယာများကို လည်း
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာပညာရပ်များကို ဖြန့်ဖြူးပေး သွားမည်ဟု
သိရသည်။
မြန်မာနိုင်ငံတွင် ကုန်းတွင်းနှင့် ကမ်းလွန်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် စုစုပေါင်း ၁၀၄
ကွက်ရှိသည့်အနက် လက်ရှိအချိန်ထိ လုပ်ကွက်ပေါင်း ၃၃ ခုတွင် နိုင်ငံတကာကုမ္ပဏီပေါင်း ၁၈ ခု
က လုပ်ကိုင်လျက်ရှိသည်။
















