ကြယ်ငါးပွင့် ဟိုတယ်တစ်လုံး ဆောက်မည်

ကြယ်ငါးပွင့် ဟိုတယ်တစ်လုံး ဆောက်မည်

ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ယခင်ကာကွယ်ရေး တက္ကသိုလ်ဟောင်း ၀င်းနေရာ၌ ကြယ်ငါးပွင့်ဟိုတယ်
နှင့် ဈေးဝယ်စင်တာ တည်ဆောက်ရန် BOT စနစ်ဖြင့် ငှားရမ်းခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ၀င်းအတွင်းရှိ ရ ဒသမ ၅ ဧကကျယ်သည့် မြေနေရာပေါ်တွင် Adventure Myanmar
Tours & Incentive Co., Ltd က နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်နှင့်အတူ ဈေးဝယ်
စင်တာ၊ စီးပွားရေး အဆောက်အအုံ၊ လူနေအိမ်ခန်းများ ဆောက်လုပ်သွားမည်ဖြစ်သည်။

"ဒီအသစ်ဆောက်မယ့် ကြယ်ငါးပွင့်အဆင့်ဟိုတယ်မှာ အမေရိကန်ဒေါ်လာ ၅၆ သန်းလောက်
ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ခွင့်ကိုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ
က ရရှိထားပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ အကုန်လောက် အပြီးဆောက်သွားမှာ ဖြစ်ပါတယ်"
ဟု Adventure Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေတောင်ကုမ္ပဏီကလည်း အဆိုပါ၀င်းအတွင်းရှိ မြေရှစ်ဧကကျော်၌ အဆင့်မြင့် ဟိုတယ်
ဆောက်လုပ်ခွင့်ကို ၂၀၁၃ ခုနှစ်ကတည်းကရရှိထားပြီး ရုံးခန်းများနှင့်တကွ ဈေးဝယ်စင်တာတစ်ခု
ကိုလည်း တည်ဆောက်သွားမည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး