မီးစက်အရောင်းဆိုင်များ ဆောက်လုပ်ရေးပစ္စည်းများဆီ ဦးတည်လာ

မီးစက်အရောင်းဆိုင်များ ဆောက်လုပ်ရေးပစ္စည်းများဆီ ဦးတည်လာ

ရန်ကုန်မြို့ရှိ အိမ်သုံးနှင့် လုပ်ငန်းသုံး လျှပ်စစ်မီးစက် အရောင်းဆိုင်များတွင် မီးစက်ဂျနရယ်တာများ
၀ယ်ယူသူ အရေအတွက်မှာ တဖြည်းဖြည်း ကျဆင်းလာသောကြောင့် ဆောက်လုပ်ရေးသုံး
ပစ္စည်းများဘက်ကိုသာ ဦးတည်လာလျက် ရှိနေကြောင်း ထိုလုပ်ငန်းကို လုပ်ကိုင်နေသော
အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

ပြီးခဲ့သော နှစ်များအတွင်းကမူ လျှပ်စစ်မီးစက် အရောင်းဆိုင်များတွင် လက်မလည်အောင်
ရောင်းချခဲ့ရသော်လည်း ယခုအခါတွင်မူ ရောင်းအား ကျဆင်းလာကြောင်း၊ အိမ်သုံးမီးစက်များကိုမူ
လုံးဝ မဝယ်သလောက်နီးပါးဖြစ်နေပြီး လုပ်ငန်းသုံး မီးစက်များကိုသာ အနည်းငယ်ရောင်းရကြောင်း၊
ဆိုင်အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေဖျော်စက်များနှင့် အပိုပစ္စည်းရောင်းခြင်း
လုပ်ငန်းဘက်ကို ဦးတည်လာနေကြောင်း ထိုလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

"လူတော်တော်များများက အခု မီးစက်ဝယ်တယ်ဆိုတာ အပိုဝင်ငွေဖြစ်နေပြီ။ မီးအရမ်းပျက်မှ
၀ယ်တယ်။ တစ်ပတ်ကို မီးတစ်ရက်နှစ်ရက် ပျက်တာလောက်နဲ့တော့ မဝယ်ဘူး။ နောက် ဒုတိယ
အချက်ကတော့ မရှိမဖြစ်မှသာ ၀ယ်တယ်။ ဒါပေမယ့် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကတော့
အရမ်းကို အရောင်းအဝယ် ကောင်းနေတာပေါ့။ ဒါကြောင့် ကျွန်တော်တို့လည်း မီးစက်ဘက်ကို
သိပ်မစဉ်းစားတော့ဘူး "ဟု အေဝမ်းဆိုင် တာဝန်ခံ ဦးဇော်လင်းဝင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ မြို့ပြနှင့် အချို့မြို့ကြီးများတွင် ကန်ထရိုက်များဖြင့် တိုက်ဆောက်လုပ်မှုများ၊ အိမ်ခန်း
များ၊ ဆိုင်ခန်းများ ဆောက်လုပ်လာခြင်းတို့ကြောင့် လုပ်ငန်းခွင်သုံး ဆောက်လုပ်ရေးပစ္စည်းများ
သည် အလွန်ပင် ရောင်းကောင်းလျက် ရှိနေကြောင်း၊ ယခင်က မီးစက်အရောင်းဆိုင် အချို့သည်
ယခု ဆောက်လုပ်ရေးသုံးပစ္စည်းများ ရောင်းချခြင်းကိုပါ တွဲဖက်လုပ်ကိုင်လာကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး