မော်ကျွန်းသို့ ပြည်တွင်းရေကြောင်း သင်္ဘောခေါက်ရေ နည်းလာ

မော်ကျွန်းသို့ ပြည်တွင်းရေကြောင်း သင်္ဘောခေါက်ရေ နည်းလာ

ရန်ကုန်-မော်ကျွန်း ရေယာဉ်ပြေးဆွဲမှု ခေါက်ရေ လျော့နည်းလာသဖြင့် ခရီးသွားပြည်သူများ
သွားလာရေးအတွက် ပုဂ္ဂလိကရေယာဉ်များကို အားထားလာရကြောင်း မြစ်ဝကျွန်းပေါ်သွား
ခရီးသည်များထံမှ သိရသည်။

"အစိုးရ ပြည်တွင်း ရေကြောင်းသင်္ဘောလိုင်း တွေက စက်သုံးဆီဈေးနှုန်းတက်ချိန်ကစပြီး သင်္ဘော
စီးနင်းခနဲ့ ကုန်ကားတွေကို နှစ်နှစ်အတွင်းမှာ ဈေးသုံးကြိမ် ပြောင်းခဲ့တယ်။ အဲဒီလို ဈေးနှုန်းပြောင်းလဲ
တာတောင် အကျိုးအမြတ် မရှိဘူးလို့ယူဆပြီး သင်္ဘောပြေးဆွဲမှုတွေကို ပုံမှန်ပြေး ဆွဲပေးနေတဲ့
နှုန်းထက်လျော့နည်းပြီး ပြေးဆွဲပေးတဲ့အတွက်ကြောင့် သွားလာရတဲ့နေရာမှာ ပုဂ္ဂလိက ရေယာဉ်နဲ့
ရှပ်ပြေးရေယာဉ်တွေကိုပဲ အားကိုးနေရတယ်။ အရင်တုန်းက အစိုးရသင်္ဘောခက ကျပ် ၅၀၀
လောက်ကနေ ကျပ် ၂,၀၀၀ ကိုတိုးကောက်သလို ကုန်တန်ဆာခ ကိုလည်း တိုးကောက်ခဲ့တယ်"
ဟု မြစ်ဝကျွန်းပေါ်မှ ရန်ကုန်မြို့သို့ ဈေးဝယ်လာသည့် ကုန်သည် မနီလာဆွေက ပြောသည်။

အစိုးရပြည်တွင်း ရေကြောင်းသင်္ဘောလိုင်းများက စက်သုံးဆီမြင့်တက်မှုကို အကြောင်းပြု၍
ခရီးသည်ခနှင့် တန်ဆာခများကို တိုးမြှင့်ကောက်ခံကာ သင်္ဘောခရီးစဉ်များကို လျော့ပေါ့ပြေးဆွဲ
နေချိန်တွင် ရန်ကုန်-မော်ကျွန်း ခရီးစဉ်များအား ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ငန်းအပြိုင်အဆိုင်
ဖြင့် လူစီးနှစ်ထပ်ကုန်တင်ရေယာဉ်၊ ရှပ်ပြေးရေယာဉ်ကြီးများ အသစ်တည်ဆောက်ကာ ၀င်ရောက်
လုပ်ကိုင်လာကြသည်။

"အခုဆိုရင် ပြည်တွင်းရေကြောင်းက သင်္ဘောတွေက တစ်နေ့ကိုတစ်စင်းတော့ပြေးတယ်။ ရန်ကုန်
က စီးမယ်ဆိုရင် တနင်္လာနေ့စီးလို့ မရဘူး။ တနင်္ဂနွေနေ့ပြေးနေတဲ့ သင်္ဘောဆိုရင် မော်ကျွန်းတောင်
မရောက်တော့တဲ့အပြင် ဘိုကလေးမှာ ခရီးစဉ်ဆုံးတယ်"ဟု မော်လမြိုင်ကျွန်းနေ ဦးစိန်မောင်
ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး