မြို့တွင်း၌ ဟိုင်းလပ်များ ဆက်လက်ပြေးဆွဲခွင့် ပေးထား

မြို့တွင်း၌ ဟိုင်းလပ်များ ဆက်လက်ပြေးဆွဲခွင့် ပေးထား

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့်
ကို မတ်လကုန်အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။

"ခရီးသည်တင် ဟိုင်းလပ်ယာဉ်တွေ ပြေးဆွဲခွင့်ကို ဒီလတစ်လအတွက် ထပ်တိုးပြီးတော့ ခွင့်ပြု
လိုက်တယ်။ ဟိုင်းလပ်ယာဉ်တွေ နေရာမှာ အစားထိုးပေးမယ့် ယာဉ်တွေ အဆင်သင့်မဖြစ်သေးတာ
တစ်ကြောင်းအပြင် ခရီးသွားတွေအတွက်လည်း အခက်အခဲဖြစ်နေတာ တစ်ကြောင်းကြောင့်ဖြစ်ပါ
တယ်။ ဟိုင်းလပ်ယာဉ် လုပ်သားတွေရဲ့ အခက်အခဲလည်း ရှိကောင်းရှိပါလိမ့်မယ်။ မီနီဘတ်စ်တွေ
အစားထိုးဖို့အတွက်လည်း စီစဉ်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် မိုးသီဟကျော်က ပြောကြားသည်။

"ဟိုင်းလပ် ကားဟောင်းတွေအပ်ပြီးရင် မီနီဘတ်စ်ပေးမယ်။ ဟိုင်းလပ်ကားမှာရတဲ့ စီအင်န်ဂျီကို
မီနီဘတ်စ်မှာ ထပ်တိုးမယ်။ လက်ရှိအခြေအနေက အခက်အခဲနည်းနည်းရှိနေတဲ့အတွက်
မတ်လ ၃၁ ရက်နေ့အထိ ဖြေလျှော့ပေးလိုက်တယ်။ မတ်လ ၃၁ ရက်နောက်ပိုင်းမှာ ဌာနပေါင်းစုံက
ပူးပေါင်းပြီးတော့ ဟိုင်းလပ်တွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဆောင် ရွက်သွားဖို့ အစီအစဉ်ရှိပါ
တယ်" ဟုလည်း ၎င်းက ပြောကြားသည်။

ခရီးသည်တင်ဟိုင်းလပ်ယာဉ်လိုင်းမှာ စုစုပေါင်း ၄၆ လိုင်းရှိပြီး ယာဉ်စီးရေ ၈၀၄ စီးခန့်ရှိကြောင်း
သိရသည်။

ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကို ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာလမှစတင်၍ ပိတ်ပင်ထားခြင်းဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ယခုလကုန်
အထိ သက်တမ်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ အနေဖြင့် စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင် ပြေးဆွဲခွင့်ရှိပြီး အကယ်၍ 'က' ကုန်စည်
လိုင်စင်သို့ ပြောင်းလဲလျှောက်ထားပြီး ကုန်စည် တင်ဆောင်ပါကလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး