မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် ဂျပန်နိုင်ငံအခြေစိုက် The Nippon Foundation
တို့ပူးပေါင်း၍ "မဲခေါင်ဒေသတွင်းနိုင်ငံများ၏ မသန်စွမ်းသူများ အကျံုးဝင် စီးပွားရေးဆိုင်ရာ အတွေ့
အကြံုရှင်းလင်းသည့် အလုပ်ရုံဆွေးနွေးပွဲ" တစ်ရပ်ကို မတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင်
ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံဒေသတွင်းနိုင်ငံများမှ မသန်စွမ်းသူများ အကျံုးဝင် စီးပွား
ရေး လုပ်ငန်းများ ဖော်ဆောင်လျှက်ရှိသော လုပ်ငန်းရှင် (၁၂)ဦးမှ ၄င်းတို့၏ အတွေ့အကြံုများအား
လာရောက် ရှင်းလင်း ပြောကြားသွားမည်ဖြစ်ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင် (၄၅)ဦးနှင့်
မသန်စွမ်းအသင်း အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရ
သည်။
ဖွင့်ပွဲအခမ်းအနားများအား ၂၀ ရက်နေ့တွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ပြုလုပ်သွားမည်ဖြစ်
ကြောင်း သိရသည်။
















