သင်္ကြန်မဏ္ဍပ်များအား အကြိုနေ့မတိုင်မီ ၅ရက်အလိုတွင် အပြီးတည်ဆောက်ရမည်

သင်္ကြန်မဏ္ဍပ်များအား အကြိုနေ့မတိုင်မီ ၅ရက်အလိုတွင် အပြီးတည်ဆောက်ရမည်

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှုများအား အကြိုနေ့မတိုင်မီ ၅ရက်ခန့်အလိုတွင် အပြီး ဆောက်လုပ်
ရ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) အင်ဂျင်နေ
ရာဌာန မှ ဒုတိယဌာနမှူး ဦးမျိုးလွင်ကပြောသည်။

မဏ္ဍပ်တွေတည်ဆောက်တဲ့အခါမှာ မဏ္ဍပ်နေရာချထားပေးရေး ဆပ်ကော်မတီကနေ သတ်မှတ်
ခွင့်ပြုပေးထားတဲ့ အတိုင်းအတာအတိုင်း ဆောက်လုပ်ရမှာဖြစ်ပါတယ်။ ခွင့်ပြုတဲ့ နေရာကို ကျော်
လွန် ပြီး ရွှေ့ပြောင်း ဆောက်လုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ရင် မဏ္ဍပ်
ဆောက် လုပ်ခွင့်ကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။နောက်တစ်ချက်က မဏ္ဍပ်တည်ဆောက်
တဲ့အခါမှာ ကြံ့ခိုင်မှုရှိဖို့အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ စံချိန်တွေနဲ့ကိုက်ညီတဲ့
တာဝန်ယူကြီးကြပ်မယ့် လိုင်စင်အင်ဂျင်နီယာ တစ်ယောက်ရဲ့ ခံဝန်ကတိကိုမဏ္ဍပ်ဆောက်လုပ်ခွင့်
လျှောက်ထားရာမှာ ပူးတွဲတင်ပြရတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သတ်မှတ်ခွင့်ပြုပေးတဲ့ပုံစံအတိုင်း လိုင်စင်ရ
အင်ဂျင်နီယာရဲ့ ကြီးကြပ်မှုနဲ့ ဆောက်လုပ်ရပါမယ်။ သတ်မှတ်ထားတဲ့အရွယ်အစားထက်ပိုခဲ့ရင်
aတာ့ ၁၀ပေပိုခဲ့ရင် ၅သိန်း စီဒဏ်ကြေးတပ်ရိုက် ခံရမှာ ဖြစ်ပါတယ်။ဆောက်လုပ်မှုတွေကို သင်္ကြန်
အကြိုနေ့မတိုင်ခင် ငါးရက်အလိုကတည်းက အပြီးသတ်တည်ဆောက်ကြရမှာဖြစ်ပါတယ်"ဟု
၎င်းကပြောသည်။

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်မြို့၌ရေကစားမဏ္ဍပ်အကြီးများကို ပြည်လမ်း ကမ္ဘာအေးစေတီလမ်းနှင့်
ကန်တော်ကြီးကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုပေးမည်ဖြစ်ပြီး သင်္ကြန်မဏ္ဍပ်များအား
ယခင်နှစ်ထက် တစ်ဆတိုးမြှင့်ချထားပေးကြောင်း ဦးမျိုးလွင်ကပြောသည်။

ယခင်နှစ်တွင် ရန်ကုန်မြို့နယ်ဧရိယာအတွင်း ခရိုင်အလိုက်မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးရာတွင်
မဏ္ဍပ်အကြီးဆောက်လုပ်ခွင့်အား ၄၁နေရာနှင့်မဏ္ဍပ်အလတ်ဆောက်လုပ်ခွင့်အား ၅နေရာသာ
သတ်မှတ်ပေးခဲ့သည်။

ယခုနှစ်တွင်မူ မဏ္ဍပ်အကြီး ဆောက်လုပ်မှုအား ၅၇နေရာနှင့်မဏ္ဍပ်အလတ်ဆောက်လုပ်မှုအား
၃၆နေရာခွင့်ပြုပေးထား၍ ယခင်နှစ်ထက် တစ်ဆပိုမိုတိုးမြှင့်ချထားပေးသည့်အနေအထားဖြစ်သည်။

မဏ္ဍပ်အရွယ်အစား ၊မဏ္ဍပ်မျက်နှာဖွင့်အကျယ် ၁၀၀ပေနှင့်အထက်ကို မဏ္ဍပ်အကြီး၊၁၀၀ပေနှင့်
၅၀ပေအတွင်း ကိုမဏ္ဍပ်အလတ်ဟုသတ်မှတ်မည်ဖြစ်ပြီး အကျယ်၅၀ပေအောက် မဏ္ဍပ်အား
မဏ္ဍပ်အသေးဟုသတ်မှတ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး