၂၀၁၄ အာဆီယံလူငယ်ဖိုရမ် ကြေငြာချက်စာတမ်း ထုတ်ပြန်

၂၀၁၄ အာဆီယံလူငယ်ဖိုရမ် ကြေငြာချက်စာတမ်း ထုတ်ပြန်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဆွေးနွေးခဲ့သည့် ၂၀၁၄အာဆီယံလူငယ်ဖိုရမ်အား
ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာသည့် လူငယ်များက လွတ်လပ်စွာ ဆွေးနွေး
ကျင်းပခဲ့ရာမှ ရရှိလာခဲ့သည့် ဘုံသဘောတူညီချက်များအား ၂၀၁၄ အာဆီယံ လူငယ်ဖိုရမ်၏
ရန်ကုန်ကြေငြာစာတမ်းအဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၁၄ အာဆီယံလူငယ်ဖိုရမ်၏ ရန်ကုန်ကြေငြာစာတမ်းသည် အာဆီယံဒေသတွင်းနိုင်ငံများမှ
တက်ရောက်လာသော လွတ်လပ်သောလူငယ်များ၏ အသံများအား စုစည်းထားခြင်းဖြစ်ကြောင်း၊
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မြန်မာနိုင်ငံ၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော အာဆီယံ
ဥက္ကဌအဖြစ် တာဝန်ယူကျင်းပသည့် ၂၀၁၄ အာဆီလူငယ်ဖိုရမ်အခမ်းအနားကို ဖွင့်လှစ်ကျင်းပ
နိုင်ခြင်းသည် ထူးခြားသော လွတ်လပ်မှုတစ်ခုကြောင်း၊ မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ အထိ
ဆွေးနွေးမှုများ ကျင်းပပြုလုပ်ခဲ့စဉ်တွင် အစိုးရ၏ ဖိအားပေးခြင်းမျိုး မရှိခဲ့ဘဲ လူငယ်များ ၏ ခံစား
နေရသော အခက်ခဲများကို လွတ်လပ်စွာ ထုတ်ဖော်ကြေငြာခွင့် ရရှိခဲ့ကြောင်း၊ထုတ်ပြန် လိုက်သည်
ကြေငြာချက်များကို အာဆီယံ ထိပ်သီးခေါင်းဆောင်များ ဆက်လက် အကောင်ထည်ဖော်
ဆောင်ရွက်ရန် စောင့်ကြည်လေ့လာမည့် အစီအစဉ်များ ရေးဆွဲထားရှိကြောင်း အာဆီယံလူငယ်
ဖိုရမ်ကျင်းပရေးတွဲဖက်တာဝန်ခံ ကိုသက်ဆွေဝင်းက ပြောသည်။

ထိုကြေငြာချက်တွင် ဒေသတွင်းနိုင်ငံများရှိ လူငယ်များ ကြုံတွေ့နေရသည့် လူငယ်များ၏ အခန်း
ကဏ္ဍ၊ ငြိမ်းချမ်းရေးအကျိုးဖြစ်ထွန်းမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ ကောင်းမွန်သော
အုပ်ချုပ်မှု၊ ဒီမိုကရေစီအခွင့်အရေးနှင့် လွတ်လပ်စွာ ဖော်ထုတ်ခံစားခွင့်၊ အရှေ့တောင်အာရှတွင်း
နိုင်ငံများရှိ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ရှင်သန်ရပ်တည်မှု ရရှိရေး၊
ဒေသတွင်းနိုင်ငံများရှိ လူငယ်များ၏ ပညာရေးအဆင့်မြင့်တင်ရေး၊ လူငယ်များ လိင်ပိုင်းဆိုင်ရာ
ခွဲခြားဆက်ဆံခံရမှု၊ ကျန်းမာရေးအသိပညာပေးမှုနှင့် ကာကွယ်ရန် အခွင့်အရေးများ၊ ဒေသတွင်း
လူငယ်များ ရွေ့ပြောင်းသွားလာမှုတွင် လုံခြုံမှုရရှိရေး၊ လွတ်လပ်ခွင့် နှင့် ၄င်းတို့၏ အခွင့်အရေးများ
ကို ကာကွယ်ပေးရန်၊ ဒေသတွင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းစောင့်
ရှောက်ရေးတို့ကို အဓိက တောင်းဆိုထားသည်။

ထိုကြေငြာချက်စာတမ်းအတွက် အာဆီယံဒေသတွင်းနိုင်ငံများမှာ လူငယ်ပေါင်း ၁၇၅ဦးခန့်ပါ၀င်
ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှ ရ၅ဦးခန့်၊ ဒေသတွင်းနိုင်ငံများမှ ၈၃ ဦးနှင့် နိုင်ငံပေါင်းစုံမှ လေ့လာ
သူ ၃၀ဦးခန့် တက်ရောက်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး