ဂျပန်ကုမ္ပဏီနှင့် ယူနီဆက်ဖ်ပူးပေါင်း၍ လှိုင်သာယာတွင် ကျောင်းလှူဒါန်း

ဂျပန်ကုမ္ပဏီနှင့် ယူနီဆက်ဖ်ပူးပေါင်း၍ လှိုင်သာယာတွင် ကျောင်းလှူဒါန်း

ဂျပန်နိုင်ငံရှိ AEON Co.,Ltd သည် ဂျပန်နိုင်ငံရှိ ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာယူနီဆက်ဖ်၏
ပံ့ပိုးမှုဖြင့် လှိုင်သာယာမြို့နယ်ရှိ အမှတ် ၃၇ အခြေခံပညာမူလတန်းကျောင်းတွင်
ကျောင်းဆောင်သစ်နှစ်ဆောင်ကို လှူဒါန်းခဲ့သည်။

အဆိုပါ မူလတန်းကျောင်းအား ၁၉၉၁ ခုနှစ် နှစ်လယ်ခန့်တွင် ပညာရေးကောင်စီနှင့် ကျေးရွာ
ပြည်သူများပူးပေါင်း၍ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး လှိုင်သာယာမြို့နယ် အမှတ် ၁၉ ရပ်ကွက်တွင်
တည်ရှိသည်။

၂၀၁၃ ခုနှစ်တွင် ဗနဥြ ကုမ္ပဏီ နှင့် ဂျပန်ယူနီဆက်ဖ်၊ မြန်မာယူနီဆက်ဖ်တို့ ပူးပေါင်းကာ
ကျောင်းဆောင်သစ် နှစ်ဆောင် ကို စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

"ဒီကျောင်းကို ၂၀၁၃ ခုနှစ်၊ မတ်လလောက်မှာ စဆောက်တယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က
မနှစ်ကစခဲ့တယ်။ ပြီးတော့ကျောင်း ၁၀ ကျောင်းဆောက်ခဲ့တယ်။ ဒီနှစ်လည်း ၁၀ ကျောင်း
ဆောက်လုပ်လို့ ပြီးပါပြီ။ ကျောင်း၂၀ ပြီးသွားပြီ။ ဒါက ယူနီဆက်ဖ်နဲ့ ပူးပေါင်းလုပ်တဲ့ပရိုဂရမ်ဖြစ်ပြီး
တော့ နောက်နှစ်မှာ ၁၀ ကျောင်း ဆက်ဆောက်မယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ
ဆောက်လုပ်လှူဒါန်းဖို့ ရှိပါတယ်။ သုံးနှစ်အတွင်းမှာ ကျောင်းအားလုံးပြီးဖို့ စီမံကိန်းဆွဲထားတယ်"
ဟု AEON Co.,Ltd ဥက္ကဋ္ဌ မစ္စတာ Hayashi Naoki က မတ်လ ၂၈ ရက်နေ့က ပြုလုပ်သည့်
ကျောင်းဆောင်သစ်များ ဖွင့်လှစ်ပွဲတွင် ပြောကြားသည်။

AEON ကုမ္ပဏီသည် ၂၀၀၀ ပြည့်နှစ်မှ စတင်ခါ ယူနီဆက်ဖ်ဂျပန်နှင့် ပူးပေါင်း၍ အာဆီယံနိုင်ငံများ
တွင် ကလေးပျော်ကျောင်း စီမံချက်လုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများပေးခဲ့သည်။

မြန်မာနိုင်ငံတွင် မွန်ပြည်နယ် ရေး မြို့နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ရန်ကုန်တိုင်း
ဒေသကြီး လှိုင်သာယာမြို့နယ် တို့တွင် သုံးနှစ်စီမံကိန်းဖြင့် မူလတန်းကျောင်း ၃၀ ကို ဆောက်လုပ်
လှူဒါန်းသွားမည်ဖြစ်ပြီး ယခုကျောင်းမှာ တစ်ခုဖြစ်သည်။

ဆောက်လုပ်လှူဒါန်းသွားမည့် မူလတန်းကျောင်းများမှာ ငလျင်ဒဏ်ခံနိုင်သောအဆောက်အအုံများ
ဖြစ်ပြီး နာဂစ်အပြီးတွင် ဧရာဝတီတိုင်းဒေသကြီးတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို
ဆောက်လုပ်ရာတွင် အတွေ့အကြံုရှိသည့် ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

တစ်နာရီလေတိုက်နှုန်း ၁၂၀ မိုင်နှင့် ရစ်ချ်တာစကေး ၆ ဒသမ ၅ အဆင့်ရှိငလျင်ဒဏ်များကို
ခံနိုင်ရည် ရှိသော အဆောက်အအုံများ ဖြစ်သည်။ ထို့ပြင် ကလေးများအတွက် သန့်ရှင်းသော
သောက်သုံးရေ၊ သန့်ရှင်းသောအိမ်သာများပါရှိပြီး ကျန်းမာဘေးကင်းပြီး အကာအကွယ်ပေးနိုင်
သောပတ်ဝန်းကျင်တွင် ကောင်းစွာပညာသင်ယူနိုင်ရန်အတွက် ရည်ရွယ်ထားသည်။

"ကျောင်းတစ်ကျောင်းကို ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ တစ်သိန်းနှစ်သောင်း ကနေ
တစ်သိန်းငါးသောင်းအတွင်းမှာ ရှိပါတယ်။ ကျောင်းပေါ်မူတည်ပြီး၊ မြေနေရာ အနေအထားပေါ်
မူတည်ပြီး စရိတ်နည်းနည်း ကွာပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်နေတာနဲ့အညီ
ပညာရေးပိုင်းမှာ ကူညီတာကတော့ ကျွန်တော် တစ်ယောက်တည်းရဲ့ စဉ်းစားမှု မဟုတ်ပါဘူး။
ပညာရေးဝန်ကြီးဌာနရဲ့ အားလုံးအတွက် ပညာရေးအမျိုးသားအဆင့်စီမံချက်မှာပါတဲ့ ကလေးပျော်
ကျောင်းမူကို အခုလက်ရှိအကောင်အထည်ဖော်နေတဲ့ ယူနီဆက်ဖ်ရဲ့ မြန်မာနိုင်ငံကအစီအစဉ်က
ပံ့ပိုးပေးနေပါတယ်" ဟု Hayashi Naok က ပြောသည်။

"အရင်ကတည်းက ယူနီဆက်ဖ်က ပညာရေးအပိုင်းမှာ အားထည့်ထားပါတယ်။ AEON က ကုမ္ပဏီ
ကလည်း ကျောင်းဆောက်ပြီး လှူချင်တယ်ဆိုတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဒီကျောင်းကို
ဆောက်လုပ်ပေးလိုက်လို့ ကျောင်းကကလေးတွေရော၊ ဆရာ၊ ဆရာမတွေပါ ပျော်နေတာကို
သိရတဲ့အတွက် ၀မ်းသာပါတယ်" ဟု ဂျပန်ယူနီဆက်ဖ်မှ အထွေထွေမန်နေဂျာ မစ္စတာ Tsuyoshi
Endo က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး