မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအဆင်ပြေစေရန်အတွက်
ယာဉ်လိုင်းပေါင်း ၁၁၃ လိုင်းမှ ခရီးသည်တင် ယာဉ် ၁,၆၂၈ စီး ပြေးဆွဲရန် စီစဉ်ဆောင်ရွက်
ပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ပေါင်းပေါင်းစုံထိန်းသိမ်းရေး (ဗဟို)က
ထုတ်ပြန်ထားသည်။
ထုတ်ပြန်သည့်စာရင်းများအရ မြောက်ပိုင်း ခရိုင်ယာဉ်လိုင်းမှ ယာဉ်အစီးရေ ၁၇၁ စီး၊ အရှေ့ပိုင်းခရိုင်
ယာဉ်လိုင်းမှ ယာဉ်အစီးရေ ၁၆၅ စီး၊ မထသ(ရန်ကုန်တိုင်း)မှ ၄၈၈ စီး၊ သန်မြန်သူယာဉ်လိုင်းမှ
၃၀၆ စီး၊ တောင်ပိုင်း ခရိုင်ယာဉ်လိုင်းမှ ၅၇ စီး၊ ကန္ဒရဝတီမှ ၁၇ စီး၊ ရွှေမြင်းပျံယာဉ်လိုင်းမှ ရှစ်စီး၊
အနောက်ပိုင်း ခရိုင်ယာဉ်လိုင်းမှ ၄၁၆ စီး တို့ပြေးဆွဲသွားမည် ဖြစ်သည်။
ယာဉ်လိုင်းများကို ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်ယာဉ်စီးခနှုန်းထားများထက်
ပိုမိုကောက်ခံမှုနှင့် ခရီးသည်နှင့် ဆက်ဆံမှုအဆင်ပြေချောမွေစေရေးတို့ကိုလည်း သက်ဆိုင်ရာက
ထိန်းသိမ်းပေးသွားမည် ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယာဉ်လိုင်းပေါင်း ၃၅၁ လိုင်းက
ယာဉ်အစီးရေ ၆,၅၇၉ စီးပြေးဆွဲနေသည်။
















