မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် Distinguished Gentleman’s Ride ဆိုင်ကယ်စီးနင်းပွဲ ကျင်းပ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် Distinguished Gentleman’s Ride ဆိုင်ကယ်စီးနင်းပွဲ ကျင်းပ

Gillette  ကုမ္ပဏီက ကြီးမှူး၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်မြောက် Distinguished Gentleman’s Ride  အမည်ဖြင့် ဆီးကျိတ် ကင်ဆာဖြစ်ပွားနေသူများအား လှူဒါန်းနိုင်ရန် ရန်ပုံငွေစုဆောင်းသည့် ဆိုင်ကယ်စီးနင်းပွဲကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပခဲ့သည်။

ထောက်ပံ့

''ကျွန်တော်တို့ ဆိုင်ကယ်စီးနင်းပွဲမှာ လာရောက်စုစည်းကြတဲ့ဆိုင်ကယ်မောင်းဝါသနာရှင်တွေကနေပြီးတော့ ဆိုင်ကယ် စီးနင်းရင်းနဲ့ သူတို့တတ်သနိုင်သလောက် ဒေါ်လာ ၂ဝ တချို့က ဒေါ်လာ ၁ဝဝ စသဖြင့် ဆီးကျိတ် ကင်ဆာဖြစ်ပွားနေသူတွေအတွက် လှူဒါန်း နိုင်ရန် ရန်ပုံငွေစုဆောင်းတာပါ။ ပြီးရင် ရရှိတဲ့ ငွေတွေကို Movember foundation ကိုသွား လှူဒါန်းမှာပါ။ သူတို့တွေ ဒီပွဲမှာ တက်ကြွစွာ ပါဝင်မှုက အမျိုးသားဆီးကျိတ်ကင်ဆာနဲ့ စိတ် ခွန်အားအတွက် ပါဝင်ကူညီခဲ့တာဖြစ်ပြီး ကျွန်တော်တို့ Gillette ကလည်း မြန်မာပြည် အတွက် ဂုဏ်ယူစွာ ဒီလှုပ်ရှားမှုကို ပါဝင် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်'' ဟု Gillette  မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စီးနင်း

Distinguished Gentleman's Ride အမည်ဖြင့် ဆိုင်ကယ်စီးနင်းပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ကြီးမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ရာ ယင်းပွဲတွင် ပါဝင်သည့် ဆိုင်ကယ်စီးနင်းသူများက ရှေးခေတ်လူကြီး လူကောင်းစတိုင် အဝတ်အစားများ ဝတ်ဆင် ကာ ၎င်းတို့အလှဆင်ထားသည့် ဆိုင်ကယ်များ ဖြင့် အတူတကွ ဆိုင်ကယ်စီးနင်းခြင်းဖြစ်သည်။ ရရှိလာသည့်ရန်ပုံငွေများအား လှူဒါန်းပေးမည် ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆိုင်ကယ် စီးနင်းသူများ၊ အာဆီယံနိုင်ငံတို့မှ ဆိုင်ကယ် စီးနင်းသူ စုစုပေါင်း ၁၆ဝ ကျော် ပါဝင်ခဲ့သည်။

ပါဝင်ခဲ့

တောင်ကြီးမြို့အထွက် ၇ မိုင်မှ စတင်၍ တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေမြို့များအထိ ဆိုင်ကယ်စီးနင်းခဲ့ကြပြီး နာမည်ကျော် အနု ပညာရှင် သရုပ်ဆောင်သက်မွန်မြင့်နှင့် ၎င်း၏ ခင်ပွန်း ကိုစစ်နိုင်တို့ ပါဝင်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး