အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်လျှင် ကျပ် ၄,ဝ၀ဝ မှ ၄,၈ဝ၀ အကြား သတ်မှတ်နိုင်ရန် လျာထားဟုဆို

အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်လျှင် ကျပ် ၄,ဝ၀ဝ မှ ၄,၈ဝ၀ အကြား သတ်မှတ်နိုင်ရန် လျာထားဟုဆို

မြန်မာနိုင်ငံအတွင်း အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက်လျှင် ကျပ် ၄,ဝ၀ဝ မှ ၄,၈၀ဝ အကြား သတ်မှတ်နိုင်ရန် လျာထားလိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတွင် အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ်အစည်းအဝေးမှ သိရသည်။

ပြန်ဆွေးနွေးမည်

"အကြမ်းဖျင်းကတော့ ကျပ် ၄,ဝ၀ဝ နဲ့ ၄,၈၀ဝ ကြားကို တိုင်းနဲ့ ပြည်နယ်က တက်လာတဲ့ ကိန်းဂဏန်းတွေအရ အများဆုံးတင်ပြတဲ့ နှုန်းတွေဖြစ်တဲ့အတွက် အသေးစားနဲ့ အလတ်စားကဏ္ဍက အလုပ်ရှင်တွေနဲ့ ပြန်ဆွေးနွေးမှာပါ။ ပြီးရင်တိုင်းနဲ့ပြည်နယ်တွေက ပြန်တင်ပြပေးပါဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်"ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုသည်။

အချိန်ပိုကြေး

အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင် ငွေကျပ် ၄,ဝ၀ဝ နှုန်းဖြင့် သတ်မှတ်မည်ဆိုပါက အခြေခံလစာ ကျပ် ၁၂၀,ဝ၀ဝ အချိန်ပို တစ်နာရီ ကျပ် ၁çဝ၀ဝ၊ တစ်ရက်လျှင် ကျပ် ၄,၄၀ဝ နှုန်းဖြင့် သတ် မှတ်ပါက တစ်လလျှင် ကျပ် ၁၃၂,ဝ၀ဝ၊ အချိန်ပိုကြေး တစ်နာရီ ကျပ် ၁,၁၀ဝ၊ တစ်ရက်လျှင် ကျပ် ၄,၈၀ဝ နှုန်းဖြင့် သတ်မှတ်ပါက အခြေခံ လစာ ကျပ် ၁၄၄,ဝ၀ဝ အချိန်ပိုကြေး တစ်နာရီလျှင် ကျပ် ၁,၂၀ဝ ပေးရမည်ဖြစ်ကြောင်း သိရသည်။

"ဖိုရမ်မှာ တစ်ပြည်လုံးမှာရှိတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ တွေ့ကြမယ်။ အလုပ်ရှင်ဘက်ကလည်း နားထောင်ရမယ်၊ အလုပ်သမားဘက်ကလည်း နားထောင်ရမယ်။ သူ့အခက်အခဲ၊ ကိုယ့်အခက် အခဲတွေကို နားထောင်ရမယ်။ နားထောင်ပြီးရင် တကယ်တမ်းဖြစ်သင့် တဲ့ ဂဏန်းတစ်ခုကတော့ ရလာမယ်လို့ထင်တယ်"ဟု ယင်းဆွေးနွေးပွဲတွင် အလုပ်ရှင်ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူ ဒေါ်ခိုင်ခိုင် နွယ်က ပြောဆိုသည်။

တစ်ပြေးညီ

အောက်ခြေအဆင့် ဆွေးနွေးချက်များကို ဒီဇင်ဘာတွင် နောက်ဆုံးအဆင့် ဆွေးနွေးပွဲပြုလုပ်ပြီး သတ်မှတ်ရမည့်ပမာဏကို အဆုံး အဖြတ်ရယူသွားမည်ဖြစ်ရာ ၂၀၁၅ ခုနှစ်က သတ်မှတ်ခဲ့သည့်အတိုင်း တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး