အောက်တိုဘာလ သီတင်းကျွတ် ရုံးပိတ်ရက်များတွင် နေရပ်ပြန်ကြမည့်ခရီးသည်များ နှင့် ရုံးဖွင့်ရက် အလုပ်သို့ပြန်လာကြမည့်သူများအတွက် မြန်မာ့မီးရထားလုပ်ငန်းမှ အထူးရထားတစ်စင်း စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း နေပြည်တော်ဘူတာကြီး ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်သူလတ်ထံမှ သိရသည်။
သီတင်းကျွတ်ရုံးပိတ်ရက်များအတွင်း မြန်မာ့မီးရထားလုပ်ငန်းမှ လူစီးတွဲ ၁၃ တွဲ ပါဝင်သည့် အထူးရထားတစ်စင်းကို အောက်တိုဘာ ၃ ရက် ည ၇ နာရီခွဲမှစ၍ နေပြည်တော် ဘူတာကြီးမှ ရန်ကုန်သို့ တစ်စီး၊ အောက်တိုဘာ ၄ ရက် နံနက်တွင် ရန်ကုန်မှ မန္တလေးသို့ အထူးရထားတစ်စင်း၊ အောက်တိုဘာ ၇ ရက်၌ မန္တလေးမှ ရန်ကုန်သို့ တစ်စင်း၊ အောက်တိုဘာ ၈ ရက်၌ ရန်ကုန်မှနေပြည်တော်သို့ ထပ်မံပြေး ဆွဲပေးသွားမည်ဖြစ်သည်။
"ခရီးသည်တွေအနေနဲ့ အထူးရထား မရ ပေမယ့်လည်း ပုံမှန်ပြေးဆွဲပေးနေတဲ့ရထား တွေမှာ တွဲဆိုင်းအပိုတွေချိတ်တွဲပေးထားပါ တယ်။ ရထားလမ်းပိုင်းအားလုံးအတွက် လူစီး တွဲတွေ လေးတွဲလောက်အထိ ပိုချိတ်ပေးထားပါတယ်။ လိုသလောက် အရန်တွဲတွေ ထုတ်ပေးထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အထူးရထားအပြင် ပုံမှန်ရထားများလည်း ပြေးဆွဲပေးမည်ဖြစ်ပြီး ၎င်းပုံမှန်ရထားများတွင် အရန်တွဲများ ချိတ်တွဲနိုင်ရန် စီစဉ်ပေးထားပြီး နေပြည်တော်တွင်သာမက ရန်ကုန်၊ မန္တလေး တို့တွင်ပါ အရန်တွဲဆိုင်းများ ချိတ်ဆွဲနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ရန်ကုန်လိုင်း၊ မန္တလေး လိုင်းနှင့်မော်လမြိုင်လိုင်းများတွင်လည်း အရန် တွဲဆိုင်းများ စီစဉ်ထားကြောင်း၊ ပုံမှန်ရထား များကို တွဲဆိုင်းလေးတွဲထိ တိုးချဲ့ချိတ်ဆွဲပေး ထားပြီး ပြေးဆွဲပေးမည်ဖြစ်သည်။















