မေတ္တာဖြင့်တုံ့ပြန်မည့် ဘာသာပေါင်းစုံဆုတောင်းပွဲ မန္တလေးခရိုင်၌ အောက်တိုဘာ ၁၀၊ ၁၇၊ ၂၄ နှင့် ၃၁ ရက် တို့တွင် ပြုလုပ်မည်

မေတ္တာဖြင့်တုံ့ပြန်မည့် ဘာသာပေါင်းစုံဆုတောင်းပွဲ မန္တလေးခရိုင်၌ အောက်တိုဘာ ၁၀၊ ၁၇၊ ၂၄ နှင့် ၃၁ ရက် တို့တွင် ပြုလုပ်မည်

နိုင်ငံတွင် ကြုံတွေ့နေရသည့် အမုန်းတရား များ၊ ဖိအားနှင့်တွန်းအားများကို ပြည်သူလူထုက မေတ္တာဖြင့်တုံ့ပြန်မည့် ဘာသာပေါင်းစုံဆုတောင်းပွဲ ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်၍မန္တလေးမြို့နှင့် ခရိုင်ခုနစ်ခုတွင် အောက်တိုဘာလအတွင်း အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ် မည်ဖြစ်ကြောင်း ယင်းပါတီတိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောဆိုသည်။

တုံ့ပြန်

မန္တလေးမြို့တွင် မနော်ရမ္မံလူထု ဟစ်တိုင်ကွင်း၌ ညနေ ၆ နာရီတွင် စတင်မည်ဖြစ်၍ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ နှင့်အစ္စလာမ်ဘာသာစသည့် ဘာသာ ပေါင်းစုံ ပါဝင်ကြမည်ဖြစ်ပြီး နိုင်ငံနှင့်အဝန်းပြုလုပ်မည်ဖြစ်၍ အမုန်းတရားကို မေတ္တာ ဖြင့်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါ်လွင်ချင်

"လူထုခေါင်းဆောင်က ဘရူနိုင်းမှာ ပြောသွားတာက မီးကိုမီးနဲ့ငြှိမ်းလို့မရဘူး။ ရေနဲ့ ငြှိမ်းရမယ်တဲ့။ သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ မေတ္တာတရားနဲ့ရပ်တည်ပြီး ပြည်တွင်း အခြေအနေကို ရင်ဆိုင်ကျော်လွှားမယ်ဆိုတာ ပေါ်လွင်ချင်လို့ပါ။ မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြသူတွေပါရမယ်။ ညီညွတ်မျှတပြီး မေတ္တာနဲ့ကျော်လွှားရင်ဆိုင်ချင်တာကို ပြသတဲ့ဆုတောင်းပွဲဖြစ်တယ်"ဟု ၎င်းကပြောဆိုသည်။

ဆုတောင်းမေတ္တာပို့

ပြည်တွင်းလတ်တလောအခြေအနေအရ ရခိုင်ကိစ္စသည် အရေးကြီးဆုံးဖြစ်နေပြီး ကြုံတွေ့ရသည့် ဖိအားများ၊ တွန်းအားများနှင့် အမုန်းတရားများကို မေတ္တာနဲ့ကျော်လွှား နိုင်ရန်နှင့် ရခိုင်ကိစ္စအပါအဝင် မည်သည့်ကိစ္စမဆို ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားရန်ဟူသော အနာဂတ်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သည့် ပွဲဖြစ်ကြောင်း သိရပြီး အစ္စလာမ်ဘာသာဝင် ၁ယဝ၀ဝ ကျော်လည်း တက်ရောက်ကြမည် ဖြစ်သည်။

ပြောဆို

"ကျွန်တော်က အင်န်အယ်လ်ဒီ ပါတီဝင်မဟုတ်ဘူးနော်။ ဘာသာရေးလုပ်တဲ့သူပါ။ ဒီအစိုးရတက်လာမှ အကျပ်အတည်းဖြစ်အောင် လုပ်တာ မခံနိုင်ဘူး။ ငြိမ်းချမ်းရေးပွဲ တွေ၊ အခမ်းအနားတွေနဲ့ ဆုတောင်းပွဲတွေမှာ အမြဲပါဝင်တယ်။ မြန်မာနိုင်ငံအေးချမ်း တိုးတက်ဖို့ ငြိမ်းချမ်းရေးလိုတဲ့အတွက် ပါဝင်တယ်။ လူထောင်နဲ့ချီပြီး ကားတွေနဲ့သွား မယ်"ဟု အစ္စလာမ်သာသနာ၊ ဃရာနာအဖွဲ့ ဦးစီးရှေ့ဆောင် ဂိုဏ်းချုပ်ဆရာတော် ဦးသိန်းဝင်းအောင်က ပြောဆိုသည်။

ညှိနှိုင်းဆဲ

အဆိုပါ ဆုတောင်းမေတ္တာပို့သပွဲသို့ တက်ရောက်လာမည့် ဘာသာပေါင်းစုံမှ ပြည်သူ များသည် ဘာသာတစ်ခုချင်းအလိုက် ဆုတောင်းကြမည်ဖြစ်ပြီး အောက်တိုဘာလ၏ အင်္ဂါနေ့များဖြစ်သော ၁၀ ရက်၊၁၇ ရက်၊၂၄ ရက်နှင့် ၃၁ ရက် ညနေ ၆ နာရီ၌ လူထု ဟစ်တိုင်ကွင်း၌ ပြုလုပ်မည်ဖြစ်၍ အသေးစိတ်အစီအစဉ်များကို ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး