ပြည်-ရန်ကုန်ကားခများ သီတင်းကျွတ်နောက်ပိုင်း နှစ်ဆခန့်မြင့်တက်၊ လက်မှတ်ဝယ်မရဖြစ်နေ

ပြည်-ရန်ကုန်ကားခများ သီတင်းကျွတ်နောက်ပိုင်း နှစ်ဆခန့်မြင့်တက်၊ လက်မှတ်ဝယ်မရဖြစ်နေ

သီတင်းကျွတ်ကာလအပြီး ပြည်-ရန်ကုန် ကားခများ နှစ်ဆအထိမြင့်တက်နေပြီး ကားလက်မှတ်ဝယ်မရသည်အထိ ကြုံတွေ့နေရ ကြောင်း ခရီးသည်များထံမှသိရသည်။

ကားဂိတ်များတွင် ရောင်းရန်လက်မှတ် မကျန်တော့ဘဲ ကားလက်မှတ်တစ်စောင် ကျပ် ၅çဝ၀ဝ ကို အပြင်ပေါက်ဈေး ကျပ် ၁၂çဝ၀ဝ အထိပေး၍ ဝယ်ယူနေရကြောင်းသိရသည်။

"ပြန်မယ်ဆိုပြီး လက်မှတ်ဖြတ်တော့လည်း မရဘူး။ ရထားနဲ့ ပြန်မယ်လုပ်တော့ ရထားလက်မှတ်ကလည်း မလွယ်ပြန်ဘူး"ဟု ပြည်မှရန်ကုန်ပြန်မည့် ဒေါ်သီရိက ပြောဆိုသည်။

လက်မှတ်ကြိုရောင်းမှုများရှိသောကြောင့် ကြိုဝယ်ထားသူ ပွဲစားတချို့က ဈေးတင်ပြန် ရောင်းကြခြင်းဖြစ်ကြောင်း ခရီးသွားတို့ကပြောဆိုသည်။

"ကြိုရောင်းပေးတယ်ဆိုပေမယ့် တကယ်စီးမယ့်သူတွေကိုပဲ ရောင်းပေးတာပါ။ ပွဲစားမပါအောင် သေချာဂရုစိုက်ပြီး ရောင်းပေးတာပါ"ဟု ရန်ကုန်-ပြည် အာရှယာဉ်လိုင်းမှ ပြည်ဂိတ် တာဝန်ခံ ဦးမိုးကြီးက ပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ ပြည်ကို ဖြတ်၍ ရန်ကုန်သွားသည့် ယာဉ်လိုင်းများ၊ ပြည်-နေပြည်တော်ယာဉ်လိုင်းများတွင်လည်း လက်မှတ် မကျန်တော့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး