စင်ကာပူ၌ကျင်းပမည့် အာရှအိမ်ခြံမြေဆောက်လုပ်ရေး ဆုပေးပွဲတွင် ပြည်တွင်းဆုရရှိသူများ ကြေညာပေးမည်

စင်ကာပူ၌ကျင်းပမည့် အာရှအိမ်ခြံမြေဆောက်လုပ်ရေး ဆုပေးပွဲတွင် ပြည်တွင်းဆုရရှိသူများ ကြေညာပေးမည်

စျေးကွက် ၁၇ ခုမှ ပြည်တွင်းဆုအနိုင်ရရှိ သူများအနေဖြင့် သက်ဆိုင်ရာဒေသတွင်းဆု အမျိုးအစားများတွင် ထိပ်တိုက်ယှဉ်ပြိုင်ကြ ရမည်ဖြစ်ပြီး ဒေသတွင်းဆု အနိုင်ရရှိသူများ ကို နိုဝင်ဘာ ၈ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် Property Guru  အာရှ အိမ်ခြံ မြေဆောက်လုပ်ရေး ဆုပေးပွဲ၌ ကြေညာပေး မည်ဖြစ်ကြောင်း အဆိုပါဆုပေးပွဲ တည်ထောင် သူ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာတယ်ရီ ဘလက်ဘန်းက ပြောဆိုသည်။

ထိပ်တန်းနေရာပြန်ဖြစ်

ယင်းဆုပေးပွဲနှင့်ပတ်သက်၍ အောက်တို ဘာ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုး နားဟိုတယ်၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ဝင်ခွင့်ပုံစံပေးပို့နိုင်

Property Guru အာရှအိမ်ခြံမြေ ဆောက်လုပ်ရေးဆုပေးပွဲတွင် ဝင်ပြိုင်ရန် အရည်အချင်းပြည့်မီသူများအနေဖြင့် အောက် တိုဘာ ၂၆ ရက်မှစ၍ ၂ဝ၁၈ ခုနှစ် ဇွန် ၈ ရက်အထိ ဝင်ခွင့်ပုံစံများ ပေးပို့နိုင်ပြီး ဝင်ကြေး ကောက်ခံမည် မဟုတ်ဘဲ စည်းကမ်းသတ် မှတ်ချက်များအတိုင်း ကိုက်ညီစွာ ကျင့်သုံးရ မည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထမြောက် နှစ်အဖြစ် ပြန်လည် ရောက်ရှိလာသော Property Guruမြန်မာ အိမ်ခြံမြေဆောက်လုပ်ရေးဆုပေးအပ်ခြင်း အစီအစဉ်ကို ၂ဝဝ၅ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး ယင်းဆုပေးပွဲသည် ဒေသတွင်း အာရှအိမ်ခြံမြေ ဆောက်လုပ်ရေးဆုပေးပွဲ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

(၁၂)ကြိမ်မြောက်ကျင်းပ

၂ဝ၁၇ ခုနှစ် Property Guru  အာရှ အိမ်ခြံမြေဆောက်လုပ်ရေးဆုပေးပွဲသည် (၁၂) ကြိမ်မြောက် ကျင်းပမည့်ပွဲဖြစ်ပြီး ပြည်တွင်း ဆုပေးပွဲများအဖြစ် ကမေ္ဘာဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ အင်ဒို နီးရှားနှင့် စင်ကာပူနိုင်ငံတို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်