မြန်မာနိုင်ငံတွင် မွေးဖွားမှုနှင့် သေဆုံး မှုဆိုင်ရာ မှတ်ပုံတင်ခြင်း၊ စာရင်းကောက် ယူခြင်းအား ဒေသခြောက်ခုတွင် ရာခိုင်နှုန်း ၈ဝ အထိကောက်ယူထားပြီး လာမည့် ၂ဝ၁၈ နှစ်ကုန်တွင် တစ်နိုင်ငံလုံးရာနှုန်းပြည့်ကောက် ယူရန် စီစဉ်သွားမည်ဖြစ်ကြောင်း စီမံကိန်း နှင့်ဘဏ္ဏာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က အောက်တိုဘာ ၂ဝရက်၌ပြောဆိုသည်။
မှတ်ပုံတင်နိုင်
စီမံကိန်းနှင့်ဘဏ္ဏရေးဝန်ကြီးဌာန၊ ဗဟို စာရင်းအင်းအဖွဲ့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ယူနီဆက်ဖ်(မြန်မာ)တို့ ပူး ပေါင်းလုပ်ဆောင်နေသည့် မြန်မာနိုင်ငံအတွင်း မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာမှတ်ပုံတင်ခြင်းလုပ်ငန်း မွေး၊ သေစာရင်းကောက်ယူမှုတွင် ယခု ၂ဝ၁၇ ခုနှစ်အထိ ပြည်နယ်နှင့်တိုင်းဒေသ ကြီး ခြောက်ခုတွင် ကလေးသူငယ်ဦးရေသုံး သိန်း ရာခိုင်နှုန်းအားဖြင့် ၈ဝ မှ ၈၁ ရာခိုင် နှုန်းအထိ မှတ်ပုံတင်ထားနိုင်ပြီးလာမည့် ၂ဝ၁၈ ခုနှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့်ကောက် ယူသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။















