ချောက် နိုဝင်ဘာ ၁၅
ချောက်မြို့နယ် သလုံးသွေးကျေးရွာအနီး တွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ခြောက် ဘီး ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက် မိ၍ လူတစ်ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ချောက်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၉ နာရီခွဲက ချောက်မြို့နယ် သလုံးသွေး–သစ်တိုကန် ကျေး လက်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ကြောင်း သတင်းအရထိန်စမ်းလှုပ်ရှားရဲ ကင်းမှူး ရဲတပ်ကြပ်ကြီး ထွန်းလှမြင့်သွား ရောက်စစ်ဆေးခဲ့ရာ သလုံးသွေး–သစ်တိုကန် ကျေးလက်လမ်းအတိုင်း စမ်းကန်ကျေးရွာ ချောက်မြို့နယ်နေသူ ခင်မောင်ဝင်း (၄၂) နှစ် သည် MDY 7G/------Canter ခြောက်ဘီး အဖြူရောင် ယာဉ်ပေါ်၌ ကျား နှစ်ဦး၊ မ ၁၁ ဦးတို့အား တင်ဆောင်မောင်းနှင်လာစဉ် သလုံးသွေးကျေးရွာအရှေ့ဘက်အရောက် တွင် ယာဉ်၏ယာဘက်တိုင်းရော့ ပြုတ်ထွက် သွားပြီး လမ်း၏ယာဘက်ဘေးသို့ ဆွဲချသွား ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ရှားပင် အား ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် စမ်းကန်ကျေးရွာနေသူဒေါ်ဖြူခင် (၇၅) နှစ် တွင် ဝဲ/ယာနံစောင်းညိုမည်း ဒဏ် ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ ကြောင်း၊ စမ်းကန်ကျေးရွာနေသူများဖြစ်ကြ သော မသန်းသန်းမြင့် (၃၇) နှစ်၊ ဒေါ်သောင်း (၅၁) နှစ်၊ ဒေါ်ရင်အေး အသက် (၅၀)၊ ဒေါ် ရွှေကြည် (၅၇) နှစ်၊ မခင်သီတာမိုး (၃၅) နှစ်၊ မမြတ်ကေခိုင် (၂၃) နှစ်၊ မခင်ဌေး (၄၇) နှစ်၊ ဒေါ်မာမာ (၄၅) နှစ်၊ မအမာကြည် (၃၅) နှစ်၊ ဒေါ်သိန်းတင် အသက် (၇၀)၊ ဦးစောဝင်း (၅၄)နှစ်၊ ကိုကျော်လင်း (၃၇) နှစ်နှင့် ယာဉ် မောင်းခင်မောင်ဝင်းတို့တွင် ဒဏ်ရာများအ သီးသီးရရှိခဲ့ကြသဖြင့် သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူများအား ရဲဆေးစာဖြင့် ချောက်မြို့ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမှုစစ်၏ ကနဦးစစ်ဆေးချက်အရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ခင် မောင်ဝင်းအား ချောက်မြို့နယ် မြို့မရဲစခန်း က ယာဉ်(ပ) ၄၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် ထားသည်။

















