နောက်ဆုံးပေါ် iPhone X ဝေယံဆိုင်များတွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပြီ

နောက်ဆုံးပေါ် iPhone X ဝေယံဆိုင်များတွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပြီ

၂ဝ၁၇ ခုနှစ်တွင် နောက်ဆုံးမိတ်ဆက်ပေးခဲ့သည့် iPhone X ကို တစ်နိုင်ငံလုံးရှိ ဝေယံအီလက်ထရွန်နစ်ဆိုင်များတွင် တစ်နှစ်တရားဝင်အာမခံဖြင့် နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ ကြိုတင်အမှာစာများ စတင်လက်ခံနေပြီဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်(ယနေ့)မှစ၍ ဝယ်ယူနိုင်ကြပြီဖြစ်သည်။

နိုဝင်ဘာ ၂၄ ရက်မှ ၃ဝ ရက်တွင်း ကြိုတင်အမှာစာတင်ခဲ့သည့် ဝယ်လက်များ အား ကျပ် ၅ဝ,ဝဝဝ တန်ဖိုးရှိ JBL (T110BT) Wireless In-Ear Headphone  များ လက်ဆောင်ပေးမည်ဖြစ်ပြီး  MPU Card များဖြင့် ဝယ်ယူပါက ကျပ် ၂၅,ဝဝဝ တန်ဖိုးကြီး Wireless Charger အား လက်ဆောင်ပေးမည်ဖြစ်သည်။

အထူးအစီအစဉ်အနေဖြင့် ဒီဇင်ဘာ ၁ ရက်မှ ခြောက်လအတွင်း iPhone X ဝယ်ယူသူများအား တစ်လလျှင် ဖုန်းငွေ ကျပ် ၂ဝ,ဝဝဝ ဖြည့်ရုံဖြင့် Bonus Data 10GB  လက်ဆောင် ခြောက်လဆက်တိုက်ရရှိမည်ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ ဝေယံအီလက်ထရွန်နစ်ဆိုင်များတွင်iPhone X  အား အေရွန်၊ အမ်အာအိပ်ချ်အက်ဖ် ငွေချေးလုပ်ငန်းများနှင့် ချိတ်ဆက်၍ လည်းကောင်း၊ AYA Credit Card, KBZ, CB ဘဏ်များ၏ MPU, Visa, Master  နှင့် JCB  တို့ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်