၂၀၁၇ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၁၃ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိသည်။ အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ဒီဇင်ဘာ ၂၁ ရက်အထိ ရောင်းချမည်ဖြစ်ပြီး ပြပွဲသို့တက်ရောက်ရန်ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၃,၉၉၉ ဦး မှတ်ပုံတင်ထားကြောင်း သိရသည်။
ပြပွဲဒုတိယနေ့တွင် ပြည်တွင်းပြည်ပမှ ရတနာကုန်သည်များက အိတ်ဖွင့်တင်ဒါစနစ် ဖြင့်ရောင်းချမည့် ကျောက်မျက်အတွဲ ၁၉၀ အား ကြည့်ရှုလေ့လာကြပြီး ဈေးနှုန်းတင် သွင်းလွှာများကို တင်ဒါပုံးများအတွင်းထည့် သွင်းကြသည်။
အဆိုပါပြပွဲသို့တက်ရောက်ရန် တရုတ်၊ ထိုင်း၊ ဟောင်ကောင်(မကာအို)၊ ကနေဒါနိုင်ငံ အပါအဝင် ပြည်တွင်းပြည်ပရတနာကုမ္ပဏီ ၁,၃၃၉ ခုမှ ရတနာကုန်သည်စုစုပေါင်း ၃,၉၉၉ ဦးမှတ်ပုံတင်ထားပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲကို ဒီဇင် ဘာ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အမ်အိုအိုင်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းပြပွဲတွင် အခြေခံဈေးယူရိုငွေ ၅၀ဝ နှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်မျက်အတွဲပေါင်း ၁၉၀၊ အခြေခံဈေး ယူရိုငွေ ၄çဝ၀ဝ နှင့်အထက် တန်ဖိုးသတ်မှတ် ထားသည့် ကျောက်စိမ်းအတွဲနှင့် အခြေခံဈေး ယူရိုငွေ ၁,ဝ၀ဝ နှင့်အထက် တန်ဖိုးသတ်မှတ် ထားသည့်ကျောက်စိမ်းအတွဲ စုစုပေါင်း ၆,၆၈၅ တွဲ ခင်းကျင်းပြသထားသည်။

















