မင်းကင်းမြို့နယ် ပသေးကျေးရွာ၌ မြေတူးရာမှရှေးဟောင်းဘုရားဆင်းတုတော်များ တွေ့ရှိ

မင်းကင်းမြို့နယ် ပသေးကျေးရွာ၌ မြေတူးရာမှရှေးဟောင်းဘုရားဆင်းတုတော်များ တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ်တွင် မြေကြီးတူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

တူးဖော်တွေ့ရှိ

ပတေးကျေးရွာအုပ်စု ပသေး(မြောက်)ရွာ တွင် ဒီဇင်ဘာဒုတိယပတ်က အခြေခံပညာ အထက်တန်းကျောင်းအနီး ဦးလုံအော်၏ယာ မြေကွက်ပေါ်၌ ယင်းမာပင်အမြစ်အောက် တွင် ဝက်တစ်ကောင်၏နှုတ်သီးဖြင့် ထိုးဆွရာမှ ဘုရားဆင်းတု ဦးခေါင်းတော်များ ပေါ်လာ၍ တူးဖော်ကြည့်ရာ ဥာဏ်တော်တစ်ပေကျော်ရှိ ကြေးဆင်းတုတော်တစ်ဆူနှင့် စကျင်ဆင်းတု ရုပ်ပွားတော်သုံးဆူတို့ကို စတင်တူးဖော်ရရှိခဲ့ ကြောင်း၊ ထို့နောက်ဆက်လက်တူးဖော်ရာမှ ဆင်းတုတော် ၃၄ ဆူ၊ ဘုရားစာတိုက်ပါတစ်ဆူ နှင့် အခြားငွေဆင်းတုရုပ်ပွားတော် စုစုပေါင်း ၅ဝ တို့ကို ထပ်မံတူးဖော်ရရှိခဲ့သည်။

အဆိုပါတူးဖော်ရရှိသည့် ရှေးဟောင်း ဘုရားဆင်းတုတော်များကို ပသေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ပူဇော် ထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး