၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း သတင်းသမား ၈၁ ဦးသတ်ဖြတ်ခံခဲ့ရ၊ သတင်းသမားများ၏အသက်ကို ခြိမ်းခြောက်မှုများ မြင့်သထက်မြင့်တက်လာ

၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း သတင်းသမား ၈၁ ဦးသတ်ဖြတ်ခံခဲ့ရ၊ သတင်းသမားများ၏အသက်ကို ခြိမ်းခြောက်မှုများ မြင့်သထက်မြင့်တက်လာ

ဘရပ်ဆဲလ် ဒီဇင်ဘာ ၃၁
၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း သတင်းသမား ၈၁ ဦးသတ်ဖြတ်ခံခဲ့ရပြီး သတင်း သမားများ၏အသက်ကို ရန်ရှာမှုများလည်း မြင့်တက်သထက် မြင့်တက်လာခဲ့ကြောင်း
နိုင်ငံတကာသတင်းသမားများအဖွဲ့အစည်း(IFJ)က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

(IFJ)ကထုတ်ပြန်သော 'သတ်ဖြတ်မှုအစီရင်ခံစာ"က သတင်းသမားများသည် ပစ်မှတ် ထားသတ်ဖြတ်ခံရခြင်း၊ ကားဗုံးခွဲတိုက်ခိုက်ခံရခြင်း၊ အပြန်အလှန်ပစ်ခတ်မှုများကြားသို့ ရောက်ရှိကာ သေဆုံးခြင်းများကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။ ၂၀၁၇ တစ်နှစ်တာ အတွင်း ထောင်ချခံရသည့်သတင်းသမား ၂၅၀ ကျော်ရှိကြောင်းလည်း;(IFJ) ကဖော်ပြသည်။ ၂၀၁၆ ခုနှစ်က သေဆုံးသတင်းသမား ၉၃ ဦးအထိရှိခဲ့ရာမှ ယခုနှစ်တွင်ကျဆင်းခဲ့ခြင်း ဖြစ်သလို ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်းလည်း ယခုနှစ်သည် သတင်းသမားသေဆုံးမှု အနည်းဆုံးနှစ်အဖြစ်တွေ့ရသည်။

မြင့်တက်

သို့တိုင် သတင်းသမားများ၏အသက်ကိုခြိမ်းခြောက်မှုများကား ကျဆင်းသွားသည်မရှိဘဲ မြင့်သထက်သာ မြင့်တက်လာနေကြောင်းဖြင့် ;(IFJ) ဥက္ကဋ္ဌ ဖိလစ်လီရက်သ်က ပြောသည်။ ယခုနှစ်အတွင်း အမျိုးသမီးသတင်းထောက်ရှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးသည် ဥရောပမှ ဖြစ်သည်။ သတင်းသမားများ ထောင်ချခံရမှု၊ နိုင်ငံမှထွက်ပြေးရမှု၊ ဆင်ဆာဖြတ်ခံရမှု၊ အသက်ရန်ခြိမ်းခြောက်ခံရမှု၊ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ခံရမှု၊ တိုက်ခိုက်ခံရမှုများကား မည်သည့်ကာလနှင့်မျှမတူအောင် မြင့်တက်လျက်ရှိကြောင်းလည်း;(IFJ)က ထောက်ပြသည်။

တူရကီသည် သတင်းသမားများကို ဖမ်းဆီးမှုအများဆုံးဖြစ်နေပြီး သတင်းသမား ၁၆၀ ကျော် ထောင်ချခံခဲ့ရရာ ယခုနှစ်အတွင်း ထောင်ချခံရသည့်သတင်းသမား၏ သုံးပုံနှစ်ပုံ ပမာဏဖြစ်သည်။
မက္ကဆီကိုသည် သတင်းသမားသတ်ဖြတ်ခံရမှုအများဆုံးဖြစ်ပြီး ယခုနှစ်အတွင်း ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။ အာဖဂန်နစ္စတန်တွင် ၁၁ ဦး၊ အီရတ်တွင် ၁၁ ဦး၊ ဆီးရီးယားတွင် ၁၀ ဦး၊ အိန္ဒိယတွင်ခြောက်ဦး၊ ဖိလစ်ပိုင်တွင်လေးဦး၊ ပါကစ္စတန်တွင်လေးဦး၊ နိုင်ဂျီးရီးယား တွင်သုံးဦး၊ ဆိုမာလီယာတွင်သုံးဦး၊ ဟွန်ဒူးရပ်စ်တွင်သုံးဦး သတ်ဖြတ်ခံခဲ့ရသည်။    

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်