ရန်ကုန်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်ပြီးပါက ရထားများ နှစ်ဆအထိပိုမြန်လာမည်

ရန်ကုန်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်ပြီးပါက ရထားများ နှစ်ဆအထိပိုမြန်လာမည်

ရန်ကုန်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်ပြီးပါက မြို့ပတ်ရထားများကို ယခုလက်ရှိထက် နှစ်ဆအထိပိုမိုမြန်ဆန်လာအောင် ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ "မြို့ပတ်ရထားဆိုတော့ ဒီလိုအဆင့်မြှင့်တင်မှုတွေ လုပ်ပေးရင် လူစီးတော့များလာမယ်။ ရန်ကုန်–မန္တလေးလမ်းလောက်တော့ ခရီးသည်စီးနှုန်းက အရမ်းမြင့်တက်လာမှာမဟုတ်ပါဘူး။ လက်ရှိကျွန်တော်တို့ဌာနက လုပ်စရာရှိတာတွေလုပ်နေပါပြီ။ ကျန်တာက ၂၀၁၈ မှာ စလုပ်မှာပါ"ဟု မြန်မာ့ မီးရထားစစ်ဆေးရေးဌာနမှ အထွေထွေမန်နေ ဂျာ ဦးဘမြင့်က ပြောဆိုသည်။

အပိုင်းနှစ်ပိုင်း

ရန်ကုန်မြို့ပတ်ရထားလမ်းကို လာမည့် နှစ်မှစတင်ကာ အပိုင်းနှစ်ပိုင်းဖြင့် အဆင့်မြှင့် တင်မှုများစတင်ပြုလုပ်မည်ဖြစ်ရာ ပထမပိုင်း အား ဂျပန်နိုင်ငံ၏ ဦဗ ချေးငွေ ကျပ် ၂၀၇ သန်းဖြင့်လည်းကောင်း၊ ဒုတိယပိုင်းအား မြန်မာ နိုင်ငံမှထည့်ဝင်ငွေကျပ်သန်း ၄၀ ခန့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နှစ်ဆမြန်မောင်းနှင်နိုင်မည်

ထို့ပြင် တွဲဆိုင်းဟောင်းများနေရာတွင် တွဲဆိုင်းသစ် ၁၁ ဆိုင်းဖြင့် အစားထိုးပြေးဆွဲ မည်ဖြစ်ပြီး လက်ရှိ ၁၅ ကီလိုမှ ၃၅ ကီလိုနှင့် ၄၀ ကီလိုခန့်အထိ မောင်းနှင်ပြေးဆွဲပေးသွား မည်ဖြစ်ရာ အဆိုပါစီမံချက်ပြီးစီးသွားပါကလက်ရှိထက် နှစ်ဆထိမြန်ဆန်စွာမောင်းနှင်နိုင်မည်ဖြစ်သည်။

စာချုပ်ချုပ်ဆို

လက်ရှိ အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့်စာချုပ် ချုပ်ဆိုမှုများစတင်လုပ်ဆောင်နေပြီး တင်ဒါ ခေါ်ယူနိုင်ရေးကို လာမည့် ၂၀၂၁ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး