လယ်ဝေးတပ်နယ် မြေနီတောင်စေတီတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး စိန်ဖူးတော်ဆက်ကပ်

လယ်ဝေးတပ်နယ် မြေနီတောင်စေတီတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး စိန်ဖူးတော်ဆက်ကပ်

လယ်ဝေးတပ်နယ်ရှိ နေပြည်တော်လေ ဆိပ်အနီး တည်ထားကိုးကွယ်သော မြေနီတောင် စေတီတော်ကြီးအတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ တပ်မ တော်အရာရှိကြီးများနှင့် ဇနီးများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ မြေနီတောင်စေတီတော်ကြီး ရွှေ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမဂင်္လာအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ကျင်းပရာ အေလာမြို့ မြို့သစ်ဓမ္မရက္ခိတကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလအမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင ့်ဇနီး ဒေါ်ကြူ ကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် အေလာမြို့ မြို့သစ် ဓမ္မရက္ခိတကျောင်း တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြ သည်။

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ် ချည်၊ ပရိတ်သဲများကို စေတီတော် ဝတ္တက မြေနေရာတွင် ပက်ဖျန်းချည်နှောင်ကြသည်။

ယင်းနောက် အေလာမြို့ ဂိုဏ်းထောက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဉာရ ထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက် သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာ ရစ်သုံးကြိမ် လှည့်လည်ပူဇော်ကြသည်။

အောင်မြင်ခြင်းအထိမ်းအမှတ်

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေထီးတော် ဘုံ အဆင့်ဆင့်အား မဂင်္လာရထားပျံဖြင့် စေတီ တော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြ ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြ သည်။ ယင်းနောက် ရွှေထီးတော်တင်လှူ ပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

နေ့ဆွမ်းဆက်ကပ်

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က စေတီတော်ကြီးရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ဖူးမြော်ကြည်ညိုပြီး စေတီတော် ကြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းသည်။ ဆက်လက် ၍ သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ပြန်လည်မွမ်းမံ

အဆိုပါမြေနီတောင်စေတီတော်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် လေယာဉ်ကွင်းအနီး၌ တည် ရှိသည်။ မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်ခန့် (ခရစ်သက္ကရာဇ် ၁၈၇၁ ခုနှစ်)တွင် အလှူရှင်များ က တည်ထားကိုးကွယ်ခဲ့ပြီး ရွာနှင့်အနည်းငယ် အလှမ်းဝေးသဖြင့်ပြုပြင်မှုမရှိဘဲ ဆေးရောင် များလွင့်ပြယ်၍ ဘုရားငုတ်တိုသာ ကျန်ရှိခဲ့ သည်။ ယခုအခါ စေတီတော်ကြီးအား တပ်မ တော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ အလှူရှင်များ စုပေါင်းကုသိုလ်ဖြင့် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံ၍ ထီးတော်တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။            



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး