နေပြည်တော်တပ်ကုန်းမြို့ မြဝတီရပ် ပဏ္ဍိတာရာမစာသင်တိုက် ပဓာန နာယကဆရာတော်ဘဒ္ဒန္တပဏ္ဍိတ၊ စာရေးဆရာ၊ ကဗျာဆရာ (မြတ်ဘုန်း-တပ်ကုန်း) ၏မွေးနေ့ ကဆုန်လပြည့်နေ့ကိုဂုဏ်ပြု၍ မွေးသမိခင်ကို ရည်ညွှန်းပူဇော်ကန်တော့သည့်အနေဖြင့် အစဉ်အလာ မပျက် (၂၂)ကြိမ်မြောက်ထုတ်ဝေမည်ဖြစ်သည်။
ရင်ဆက်ကြိုးကဗျာ စာအုပ်အမည်ဖြင့် ဖြန့်ချိမည်ဟုသိရသည်။
ကဗျာပြိုင်ပွဲကိုလည်း နှစ်စဉ်နှစ်တိုင်းကဲ့သို့ ကျင်းပသွားမည်ဖြစ်ရာ ဂန္ထဝင်ကဗျာ ဖြစ်စေ၊ ခေတ်ပေါ်ကဗျာဖြစ်စေ ပါဝင်ရေးသားနိုင်ပြီး ကဗျာများကို ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်နောက်ဆုံးထား၍ ပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မောင်မိုးလှိုင် (သစ္စာမြေ) နှင့် လေထန်ကုန်းပြိုင်ပွဲကော်မတီထံသို့ ပေးပို့ နိုင်သည်။
ကဗျာပထမဆုကျပ် ၅၀,ဝ၀ဝ၊ ဒုတိယဆုကျပ် ၃၀,ဝ၀ဝ၊ တတိယဆုကျပ် ၂၀,ဝ၀ဝ တို့ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
















