အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီီဦးဆောင်သည့် အစိုးရသက်တမ်း ၂၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း နှစ်သိန်းခန့် ဖန်တီးနိုင်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇန်နဝါရီလ ၃ဝ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။
ခွင့်ပြုလုပ်ငန်းပေါင်း ၄၄၇ ခုနှင့် အလုပ်အကိုင်ပေါင်း ၁၉၁,၄ဝ၉နေရာဖန်တီးပေးနိုင်ခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၃၈ ခုကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် ၈၈,ဝ၃၈ခု၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၅၁ ခုကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁ဝ,ဝ၆၃ နေရာဖန်တီးနိုင်ခဲ့သည်ဟု ဆိုသည်။
















