ပိုးသတ်ဆေးဖျန်းရန် ထွက်သွားသည့် မိန်ကလေး ပိုးသတ်ဆေးသောက်သေဆုံး

ပိုးသတ်ဆေးဖျန်းရန် ထွက်သွားသည့် မိန်ကလေး ပိုးသတ်ဆေးသောက်သေဆုံး

တောင်တွင်းကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက်က ပိုးသတ်ဆေးဖျန်းရန် သွားခဲ့သည့် မိန်းကလေးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၁၀ နာရီက ကျောင်းကုန်းကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍ တောင်တွင်းကြီးမြို့နယ် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မ ရဲစခန်းမှူးဒုရဲမှူးသိန်းထွန်း သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် ရွာ၏ အနောက်မြောက်ဘက်ရှိ မိသားစုပိုင်ယာခင်းထဲသို့ ပိုးသတ်ဆေးဖျန်းရန် ထွက်သွားခဲ့ရာ ညနေအထိ ပြန် မလာသဖြင့် မိခင်ဖြစ်သူက လိုက်သွားခဲ့ရာမှ ၎င်းအား ပါးစပ်မှ အမြှုပ်များထွက်၍ မှောက်လျက် လဲကျနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။