Blockchain နည်းပညာ အပေါ် အသုံးပြုရသည့် ယင်း Influence chain သည် Token ဝယ်ယူပြီး မိမိနှစ်သက်သော ဆယ်လီများအပေါ်ကို ရင်းနှီးမြုပ်နှံကာ အတက်အကျအား exchange လုပ်ခြင်းဖြင့် စီးပွားရေး အကျိုးအမြတ် ရရှိစေနိုင်မည့် digital ပလက်ဖောင်းတစ်ခုလည်း ဖြစ်သည်။
''ယခုမိတ်ဆက်တဲ့ Fan Economy ရဲ့ နောက်မျိုးဆက်သစ်တစ်ခုဖြစ်လာမယ့် ယခု Influence Chain သည် Influencers ဖြစ်တဲ့သူနဲ့ သူတို့ကို ထောက်ခံသူတို့ကြားမှာ အပြန်အလှန်ချိတ်ဆက်မှုတစ်ခုအနေနဲ့ ဖြစ်လာဖို့ လမ်းစသစ်တစ်ခုပဲလို့ ကျွန်တော် အခိုင်အမာယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကတဆင့် သူတို့တွေရဲ့ စိတ်ဝင်စားမှု အားပေးမှုတို့ကို အပြန်အလှန် ဝေမျှနိုင်မှာလည်း ဖြစ်ပါတယ် " ဟု Influence Chain မှ ပူးတွဲထူထောင်သူ Heng Xia က ဖွင့်ပွဲတွင် ပြောခဲ့သည်။
ထင်ပေါ်ကျော်ကြားသူများဟု သုံးနှုန်းသည်မှာ လူတိုင်းပါဝင်နိုင်ပြီး လူတိုင်းသည် မိမိတို့၏ ကျွမ်းကျင်မှု ပေါ် မူတည်ပြီး influencer ဖြစ်နိုင်ကာ၊ သူတို့ကို အားပေးသော ပရိတ်သတ်တစ်ယောက် supporter လည်း ဖြစ်နိုင်သည်။ ထို့အတွက်ကြောင့် ပေါ်ပြူလာဖြစ်ဖို့ ပရိသတ်အခိုင်အမာ ရှိဖို့လည်း လိုအပ်ပါသည်။ ပရိတ်သတ်က အဆုံးအဖြတ်လုပ်ပေးသည့် သဘောတရားလည်းဖြစ်သည်။
ပွဲတွင်တက်ရောက်ခဲ့သော ကမ္ဘာ့နာမည်ကြီး ဘောလုံးကစားသမားဟောင်း မိုက်ကယ် အိုဝင်ကလည်း '' ကျွန်တော်ကိုယ်တိုင် ဘောလုံးလောကမှာ အနားယူခဲ့တဲ့ နောက်ပိုင်းမှာ အရင်က ပေါ်ပြူလာဖြစ်မှုတွေနဲ့အတူ ကျွန်တော်ကို အားပေးသူတွေကြောင့် ယခုတိုင် အကျိုးအမြတ်ကို ခံစားနေရတုန်းပါပဲ။ အဲ့အကျိုးအမြတ်ကြောင့်လည်း ဒီထက်ပိုပြီး လူမှုဝန်းကျင်ကို အကျိုးပြုနိုင်ဖို့ အခွင့်အလမ်းတွေ ရှိစေပါတယ်။
ပေါ်ပြုလာဖြစ်မှုဟာဆိုရင် အဖိုးထိုက်တန်ပါတယ်။ ဒီ Influnce chain ကို စတင်လေ့လာတဲ့အချိန်မှာ ကျွန်တော့အမြင်နဲ့ သူတို့ရဲ့အမြင် ထပ်တူကျသွားလို့လည်း အံ့သြမိတယ်။ သူတို့အဖွဲ့ကလည်း ကိုယ်ပိုင်အစွမ်းအစ ရှိစေတဲ့သူတွေကို ပေါ်ပြူလာ ဖြစ်လာနိုင်စေမယ့် ပလက်ဖောင်းတစ်ခုကို ဖန်တီးလိုက်တာပဲလို့ မြင်ပါတယ်" လို့ ၄င်းက ပြောခဲ့သည်။
ယခုနည်းပညာပလက်ဖောင်းနှင့်အတူ Tokenization ပေါ်မှာ အခြေခံသည့် မိုဘိုင်း အက်ပလီကေးရှင်းများလည်း မတ်လကုန်တွင် စတင်လာမည်ဖြစ်ကြောင်း သိရသည်။ ယခုနည်းပညာသစ်ကို ဒူဘိုင်း၊ ဘန်ကောက်၊ ဆိုးလ်တို့တွင် မိတ်ဆက်ပြီးဖြစ်ကာ လင်းလက်တောက်ပလာမည့် blockchain နည်းပညာသစ်နဲ့အတူ ဆယ်လီတွေရဲ့ ပေါ်ပြူလာဖြစ်မှုဟာ တကယ့်လက်တွေ့ဘဝမှာပါ တန်ဖိုးတစ်ခုအနေနဲ့ ဖြစ်တည်လာမှာဖြစ်ကြောင်း သိရသည်။
The event is organize by Onexpo International Pte Ltd




















