တရုတ်နိုင်ငံ၏ ငွေကြေးနှင့် နည်းပညာအထောက်အပံ့ဖြင့် အကောင်အထည်ဖော်မည့် ကျေးလက်ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို နေပြည်တော်လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ယခုလ ၆ ရက်က စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၃၃ ဒသမ ၃၃ သန်း ထောက်ပံ့ခြင်းဖြစ်ပြီး ပညာရှင်များပါ စေလွှတ်ကူညီမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ စီမံကိန်းဖော်ဆောင်မည့် လယ်ဝေးမြို့နယ်ရှိ မင်းပြင်ကျေးရွာနှင့် တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာကျေးရွာများတွင် ပြည်သူများ၏ လူမှုဘဝ မြင့်မားရေးအတွက် အခြေခံအဆောက်အအုံံ ဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
















