ဂျပန်နိုင်ငံမှ ရထားတွဲသစ် ၂၄ စီးကို ဝယ်ယူကာ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲမည်

ဂျပန်နိုင်ငံမှ ရထားတွဲသစ် ၂၄ စီးကို ဝယ်ယူကာ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲမည်

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲရန်အတွက် ဂျပန်နိုင်ငံမှ DEMU အမျိုးအစား ရထားတွဲသစ် ၂၄ စီးကို ဝယ်ယူရန် ဖေဖော်ဝါရီ ၉ ရက်က စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ ပထမအဆင့်အနေဖြင့် ရန်ကုန်-တောင်ငူ လမ်းပိုင်းတွင် ၂၀၂၀ ပြည့်နှစ်၌ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို အပိုင်းနှစ်ပိုင်းဖြင့် အဆင့်မြှင့်တင်မှုများစတင်ဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်-တောင်ငူလမ်းပိုင်းကို ပထမပိုင်းအနေဖြင့် လမ်းအဆင့်မြှင့်တင်မှုများစတင်လျက်ရှိသည်။

အဆိုပါ ရထားတွဲသစ် ၂၄ စီးအပြင် နောက်ထပ်အစီးရေ ၂၀ဝ ခန့်အထိ မှာဝယ်ယူသွားမည်ဖြစ်သည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းသည် ယခုလက်ရှိတွင် ခုနစ်နာရီကျော် မောင်းနှင်ရပြီး  ရထား လမ်းအဆင့်မြှင့်တင်ပြီးပါက သုံးနာရီခွဲခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း၊ ရန်ကုန်မှ မန္တလေး သို့ရှစ်နာရီဖြင့် သွားရောက်နိုင်မည့်ရထား လမ်းအဆင့်မြှင့်တင်မှုစီမံကိန်း အတွက် ဂျပန်နိုင်ငံက ကူညီပေးမည် ဖြစ်ကာ အဆိုပါ စီမံကိန်းကို  ရန်ကုန်-တောင်ငူ နှင့် တောင်ငူ-မန္တလေးပိုင်း ဟူ၍ နှစ်ပိုင်းခွဲခြားထားကြောင်း သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး