တက္ကသိုလ်ဝင်စာမေးပွဲကာလ ဓာတ်အားပြတ်တောက်မှု မရှိရေး ကြိုတင်စီမံထား

တက္ကသိုလ်ဝင်စာမေးပွဲကာလ ဓာတ်အားပြတ်တောက်မှု မရှိရေး ကြိုတင်စီမံထား

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို မည့်ကာလအတွင်း လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု မရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ကြိုတင်ပြင်ဆင်ထားမှုများစီမံ ထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြော ဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်က နေပြည် တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၌ပြုလုပ်သည့် လစဉ်သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်အတွက် တက္ကသိုလ်ဝင်စာမေး ပွဲကို မကြာမီ တစ်နိုင်ငံလုံးတွင် ဖြေဆိုရတော့မည်ဖြစ်ရာ ယင်းကာလအတွင်း လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမရှိစေရေး သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့မှအင်ဂျင်နီယာများပါဝင်သည့် အနီး ကပ်ကွပ်ကဲရေးအဖွဲ့များဖွဲ့စည်းထားကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၆၆/၃၃ ကေဗွီဓာတ်အားခွဲရုံ ၁၇ ရုံ၊ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံ ၁၁၆ ရုံ၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၂၆၆ ရုံ၊ ဓာတ်အားစနစ်မရရှိ သောဒေသများတွင် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃၀ နှင့် ဒီဇယ်ဓာတ်အား ပေးစက် ၆၀၄ လုံးတို့ဖြင့် ဓာတ်အားဖြန့်ဖြူး ပေးရန် ကြိုတင်စီစဉ်ထားကြောင်း သိရသည်။

စီစဉ်ထား

"ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ဓာတ် အားပြတ်တောက်မှုမရှိအောင် အမြဲတမ်း ဓာတ် အားအပြည့် ဖြန့်ဝေပေးနေပါတယ်။ သို့သော် အကြောင်းမညီညွတ်လို့ ဓာတ်တိုင် ကားတိုက် တာတွေဖြစ်ကောင်းဖြစ်မယ်။ မီးကြိုးတွေ သစ်ကိုင်းနဲ့ငြိလို့ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်ရင် မီးပြတ် မယ်။ ဒီလိုကြောင့် မီးပြတ်ရင် ပြတ်မယ်။ ၁၀ တန်းစာမေးပွဲကာလက အရေးပေါ်ကာလမို့ အနီးကပ်ကွပ်ကဲရေးအဖွဲ့တွေဖွဲ့ပြီး စာစစ်ဌာန ရှိတဲ့နေရာစာရင်းတွေတောင်းထားပြီး ဒီနေရာ တွေမှာလည်း မီးမပြတ်အောင်၊ မီးပြတ်ရင် ဘယ်လိုလုပ်မယ်ဆိုတာတွေကို စီစဉ်ထားပြီး ပါပြီ"ဟု ၎င်းကပြောဆိုသည်။

အရန်မီးစက်များဖြင့်

ထို့ပြင် ပုံမှန်ဓာတ်အားပို့လွှတ်ထားစဉ် ဓာတ်အားခွဲရုံရှိပစ္စည်းကိရိယာများ ချွတ်ယွင်း ပျက်စီးမှုကြောင့် ဓာတ်အားပြတ်တောက်ခြင်း နှင့် ဓာတ်အားလိုင်းအပြစ်ကြောင့် ဓာတ်အား ပြတ်တောက်ခဲ့ပါက ဓာတ်အားပြန်လည်ရရှိ ရေးဆောင်ရွက်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း အရေး ကြီးနေရာများသို့ အရန်မီးစက်များဖြင့် ဓာတ် အားဖြန့်ဖြူးပေးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး