ဂျပန်မှရထားတွဲသစ် ၂၄ စင်း ရန်ကုန်-တောင်ငူလမ်းပိုင်း၌ ပြေးဆွဲမည်

ဂျပန်မှရထားတွဲသစ် ၂၄ စင်း ရန်ကုန်-တောင်ငူလမ်းပိုင်း၌ ပြေးဆွဲမည်

ရန်ကုန်-–မန္တလေးရထားလမ်းပိုင်း၌ ပြေး ဆွဲရန် ဂျပန်နိုင်ငံမှ DEMU အမျိုးအစား ရထားတွဲသစ် ၂၄ စင်းဝယ်ယူရန်စာချုပ်ချုပ်ဆို ပြီးဖြစ်ကာ ပထမအဆင့်အနေဖြင့် ရန်ကုန်–တောင်ငူလမ်းပိုင်းတွင် စတင်ပြေးဆွဲမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ ဖေဖော်ဝါရီ ၁၃ ရက်၌ သိရသည်။

ဂျပန်ယန်း ၇ ဒသမ ၂၄၄ ဘီလီယံတန်ဖိုးရှိ အဆိုပါရထား ၂၄ စင်းဝယ်ယူရေးအတွက် ဂျပန်နိုင်ငံကုမ္ပဏီနှင့် ဖေဖော်ဝါရီ ၉ ရက်၌ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်-–တောင်ငူရထားလမ်း ပိုင်း၌ စတင်ပြေးဆွဲမည်ဖြစ်သည်။

ပထမအဆင့်

လက်ရှိ ရန်ကုန်-–မန္တလေးရထားလမ်းပိုင်းကို အပိုင်းနှစ်ပိုင်းဖြင့် အဆင့်မြှင့်တင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်-–တောင်ငူ လမ်းပိုင်းကို ပထမပိုင်းအနေဖြင့် လမ်းအဆင့် မြှင့်တင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

အဆင့်မြှင့်

"ဒီဇယ်ရော လျှပ်စစ်နဲ့ပါ နှစ်မျိုးသုံးလို့ ရတဲ့ ရထားအမျိုးအစားပါ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေအရ ဒီဇယ်အသုံးပြုပြီး ပြေးဆွဲမှာပါ။ အခုက ရထားလမ်းပိုင်းအဆင့် မြှင့်တာတွေလုပ်နေတယ်။ လာမယ့် ၂၀၂၀ မှာ ရန်ကုန်–တောင်ငူလမ်းပိုင်းကို အပြီးဆောင် ရွက်မှာဆိုတော့ ရထားတွဲတွေလည်း ၂၀၂၀ လောက်မှာ မြန်မာနိုင်ငံကို ရောက်မယ် ထင်ပါ တယ်" ဟု မြန်မာ့မီးရထားမှ မန်နေဂျာ ဦးသန်း ထွန်းအောင်က ပြောဆိုသည်။

ရန်ကုန်–တောင်ငူ–မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်၍ ၂၀၃၀ ပြည့်နှစ် နောက်ပိုင်း တောင်ငူ–မန္တလေးလမ်းပိုင်း၌ပါ ပြေးဆွဲပေးမည်ဖြစ်သည်။

သုံးနာရီခွဲသာကြာမြင့်မည်

ရန်ကုန်-–တောင်ငူရထားလမ်းပိုင်းသည် လက်ရှိတွင် ခုနစ်နာရီကျော်မောင်းနှင်ရပြီး ရထားလမ်းအဆင့်မြှင့်တင်ပြီးပါက သုံးနာရီ ခွဲခန့်သာ ကြာမြင့်မည်ဖြစ်သည်။

ရန်ကုန်မှ –မန္တလေးသို့ရှစ်နာရီဖြင့် သွား ရောက်နိုင်မည့် ရထားလမ်းအဆင့်မြှင့်တင်မှု စီမံကိန်းအတွက် ဂျပန်နိုင်ငံက ကူညီပေးမည် ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး