လျှပ်စစ်​ဓာတ်အား ၃၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့ရည် အသုံးပြုဓာတ်အားပေးစက်ရုံ  စီမံကိန်းလေးခု အကောင်အထည်ဖော်မည်

လျှပ်စစ်​ဓာတ်အား ၃၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့ရည် အသုံးပြုဓာတ်အားပေးစက်ရုံ  စီမံကိန်းလေးခု အကောင်အထည်ဖော်မည်

လျှပ်စစ်ဓာတ်အား ၃၁၁၁ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းလေးခုကို မြန်မာနိုင်ငံ၌ ပထမဆုံးအဖြစ်အကောင်အထည် ဖော်တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၅ ရက်၌ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ် သည့် လစဉ်သတင်းထုတ်ပြန်သည့် အခမ်း အနား၌ ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

ဓာတ်အားဖြည့်ဆည်းနိုင်ရန်

သဘာဝဓာတ်ငွေ့ကို အရည်အဖြစ် ပြောင်းလဲထားသည့် သဘာဝဓာတ်ငွေ့ရည် (LNG )ကိုအသုံးပြု၍ ပြည်တွင်း၌လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်းနိုင်ရန် ကန်ပေါက် LNG to power စီမံကိန်း၊ မီးလောင်ဂျိုင် LNG to power စီမံကိန်း၊ အလုံLNG to power စီမံကိန်းနှင့် ကျောက်ဖြူ စီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဖြစ် သည်။

ပိုပြီးအဆင်ပြေ

"ဒီစီမံကိန်းလေးခုကို အကောင်အထည် ဖော်ဖို့အတွက် ပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ ရက်က စီမံကိန်းဆောင်ရွက်မယ့် ကုမ္ပဏီလေးခုနဲ့ သြအငခန အသ ဏမသခနနိ လက်မှတ်ရေးထိုးပေး ခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုပြည်တွင်းက ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွေ လျော့နည်း လာတာရော ရေအားလျှပ်စစ်ကိုပဲ အဓိက အားထားနေရတဲ့အခြေအနေမှာ ပြည်တွင်း ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် LNG နဲ့ ဓာတ်အားထုတ်လုပ်ဖို့က ပိုပြီးအဆင်ပြေလို့ ဆောင်ရွက်ဖို့ ရွေးချယ်ရတာ ပါ"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းစီမံကိန်းလေးခုအနက် ကန်ပေါက် စီမံကိန်း မှ ၁၂၃၀ မဂ္ဂါဝပ်၊ မီးလောင်ဂျိုင်စီမံ ကိန်းမှ ၁၃၉၀ မဂ္ဂါဝပ်၊ အလုံစီမံကိန်းမှ ၃၅၆ မဂ္ဂါဝပ်နှင့် ကျောက်ဖြူစီမံကိန်းမှ ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှာ TOTAL & SIEMENS A.G ကုမ္ပဏီ၊ ၊Zhefu & Supreme ကုမ္ပဏီ၊ TTCL Public ကုမ္ပဏီနှင့် Sinophydro & Supreme ကုမ္ပဏီတို့ဖြစ်ကြသည်။

ကော်မတီဖွဲ့စည်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လည်း လျှပ်စစ်ဖြန့်ဖြူးမှုပြည့်ဝစေရန်၊ တိုးမြှင့် လိုအပ်လာမည့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် တိုးတက်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် LNG လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီဖွဲ့စည်း၍ စတင်အကောင် အထည်ဖော်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး