အန္တရာယ်ရှိလုပ်ငန်းခွင်များ၌ ကလေးလုပ်သား ၄ ဒသမ ၉ ရာခိုင်နှုန်း အလုပ်လုပ်ကိုင်နေဟုဆို

အန္တရာယ်ရှိလုပ်ငန်းခွင်များ၌ ကလေးလုပ်သား ၄ ဒသမ ၉ ရာခိုင်နှုန်း အလုပ်လုပ်ကိုင်နေဟုဆို

မြန်မာနိုင်ငံရှိ အသက်ငါးနှစ်မှ ၁၇ နှစ်အတွင်း ကလေးဦးရေ စုစုပေါင်း ၁၂ သန်းကျော်တွင် ကလေးလုပ်သားဦးရေ ငါးရာခိုင်နှုန်းမှာအန္တရာယ်ရှိသော လုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင်နေသည့် ကလေးလုပ်သား ၄ ဒသမ ၉ ရာခိုင်နှုန်းပါဝင်နေကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ အချက်အလက်များကို ကိုးကား၍JobNet.com.mm ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရပ်ရပ်နှင့်ဆက်စပ်၍ မြို့ပြ မဟုတ်သောနေရာများတွင် ဆင်းရဲမွဲတေမှုနှင့် ပညာရေးနိမ့်ပါးမှုများသည် ကလေးသူငယ်များအား နိုင်ငံအတွင်းရှိမြို့ကြီးများ၌ အလုပ်ရှာဖွေမှုများ ပိုမို ဖြစ်ပေါ်လာစေခဲ့ခြင်းဖြစ်သည်။''ကလေးလုပ်သားပြဿနာဟာ အစိုးရအနေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် ဖြေရှင်းရခက်နေဆဲပြဿနာပါ။ အခြေအနေအကြောင်းကြောင်းတွေကြောင့် ကလေးတွေဟာ မြို့ပြလူမှုအသိုင်းအဝိုင်းထဲမှာ အလုပ်တွေဝင်လုပ်နေ ကြရ တယ်ဆိုတာ ပတ်ဝန်းကျင်မှာတောင်မြင်သာထင်သာရှိပါတယ်'' ဟုJobNet.com.mm ၏ လူထုဆက်ဆံရေးမန်နေဂျာ ကိုမှူးအိမ်ဇော်က ပြောဆိုသည်။

မြန်မာနိုင်ငံအပါအဝင် အာရှနှင့် ပစိဖိတ်ဒေသများသည် ကလေးလုပ်သား အများဆုံးရှိနေသော ဒေသများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ကလေး အလုပ်သမားများခိုင်းစေမှုကို စိုက်ပျိုးရေဏ္ဍများတွင် အများဆုံး တွေ့ရ ပြီး ကလေးလုပ်သားပေါင်း ၅၉ ရာခိုင်နှုန်းခန့်ပါဝင်နေကာဝန်ဆောင်မှုကဏ္ဍများတွင် ဒုတိယ၊ စက်မှုကဏ္ဍတွင် တတိယအများဆုံးတွေ့ရသည်။ကလေးလုပ်သားများ၏ ကျောင်းတက်ရောက်မှုနှုန်းမှာလည်း နိမ့်ကျလျက် ရှိပြီး ၁ဝ နှစ်အရွယ်အလုပ်လုပ်ရသည့် ကလေး ၈၂ ရာခိုင်နှုန်းနှင့် ၁၂ နှစ်အရွယ် အလုပ်လုပ်နေရသည့် ကလေး ၉၁ ရာခိုင်နှုန်းသည် ကျောင်း လုံးဝမနေဖူးသူများဖြစ်ကြောင်းJobNet.com.mm၏ စစ်တမ်းအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး