မန်းရွှေစက်တော်တွင် ဘုရားဖူးပြည်သူတစ်ဦး ရေနစ်သေဆုံး

မန်းရွှေစက်တော်တွင် ဘုရားဖူးပြည်သူတစ်ဦး ရေနစ်သေဆုံး

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညနေပိုင်းက ဘုရားဖူးပြည်သူတစ်ဦး ရေနစ် သေဆုံး ခဲ့ကြောင်း ရွှေစက်တော်ဘုရားလုံခြုံရေးရဲကင်း မှသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညနေ(၆)နာရီ အချိန်ကမန်းချောင်းအတွင်းလူတစ်ဦးရေနစ်သေဆုံးကြောင်း သတင်းအရ ရွှေစက်တော်ဘုရားလုံခြုံရေးရဲကင်းမှူး ဒုရဲမှူး လှမောင် သွားရောက်စစ်ဆေးခဲ့သည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ဝန်းအတွင်းရှိ ငွေလမင်းတည်းခိုခန်းတွင် တည်းခိုနေသည့် စိုးမိုးနိုင်၊၃၅နှစ်၊ဈေးရပ်ကွက်၊မြို့သစ်မြို့၊ မကွေးတိုင်းဒေသကြီးနေသူသည် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းများဖြစ်သော ချမ်းသာ၊ဝင်းမင်းဇော် နှင့်အတူ ၎င်းနေ့ ညနေ(၅)နာရီ(၅၅)မိနစ်ချိန်ခန့် မန်းချောင်းအတွင်း ရေအနက်(၈)ပေခန့်ရှိသည့် နေရာတွင် ရေဆင်းချိုးရာမှ စိုးမိုးနိုင်မှာ ရေနစ်ပျောက်ဆုံးသွားကြောင်းသိရှိရသဖြင့် ချမ်းသာနှင့်ဝင်းမင်းဇော် တို့က လိုက်လံရှာဖွေခဲ့ရာ ရေနစ်မြုပ်သွားသည့်နေရာအနီး ရေအနက်(၅)ပေခန့်နေရာတွင် ပြန်လည်တွေ့ရှိခဲ့၍ ရွှေစက်တော် ကျန်းမာရေးဆေးခန်းသို့ သယ်ဆောင်သွားခဲ့ရာ စိုးမိုးနိုင်မှာ အသက်ရူမွန်းကြပ်သေဆုံးသွားကြောင်း တာဝန်ကျဆရာဝန် ဒေါက်တာ အောင်ကျော်နိုင်၏ ပြောပြချက်အရ သိရသည်။

မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၈ ဖြင့်အမှုဖွင့်ထားသည်။