ရွှေစည်းခုံပုံတူ အောင်ဓမ္မရာဇာစေတီတော်မြတ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ရွှေထီးတော်တင်လှူ

ရွှေစည်းခုံပုံတူ အောင်ဓမ္မရာဇာစေတီတော်မြတ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ရွှေထီးတော်တင်လှူ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင်နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် အေလာမြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း တည် ထားကိုးကွယ်သည့် ရွှေစည်းခုံပုံတူ အောင်ဓမ္မ ရာဇာစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

တရားတော်နာယူ ပထမဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝိစက္ခဏထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီး မေတ္တသုတ်ပရိတ်တရားတော်များ နာယူ ကြသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ် ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္ထုကံ နေရာတွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်ကြ သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ် ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်း များကို သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

လှည့်လည်ပူဇော်

ထို့နောက် အေလာမြို့ ဓမ္မရက္ခိတကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ အနု မောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံ အဆင့်ဆင့်ကိုပင့်ဆောင်၍ စေတီတော်ကြီး အား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော် ကြသည်။

ဘိသိက်သွန်း

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ဗုဒ္ဓရုပ်ပွားတော်များကို ဌာပနာသွင်းလှူပူဇော် ကြသည်။ ဆက်လက်ပြီးတပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေထီး တော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော် ကြပြီး ရွှေထီးတော်တင်လှူပူဇော်မှု အောင် မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုး များရွာသွန်းဖြိုးကြသည်။ ထို့နောက် သံဃာ တော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းတော် မူကြသည်။

အမွှေးနံ့သာရည်ပက်ဖျန်း

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက် ရောက်လာကြသူများသည် သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က စေတီတော်ကြီး ကမ္ပည်းမော် ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ဓမ္မဒါနလက်ဆောင်

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က အခမ်းအနားတက် ရောက်လာကြသူများ၊ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဒေသခံပြည် သူများအား ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ နှင့် ပရိတ်ကြီးပါဠိတော်မြန်မာပြန်စာအုပ်များ ကို ဓမ္မဒါနလက်ဆောင်အဖြစ် ပေးအပ်သည်။

ရွှေထီးတော်တင်လှူ

အဆိုပါစေတီတော်ကြီးအား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင် များ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ် ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၂၆ ရက် တွင် မြေသန့်မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ စက်တင်ဘာ ၉ ရက်တွင် ပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ အောက်တိုဘာ ၈ ရက်တွင် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ နိုဝင်ဘာ ၁၁ ရက်တွင်ပိန္နဲတိုင်စိုက်ထူခြင်းနှင့် မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဌာပနာသွင်းလှူပူဇော်ခြင်းနှင့် ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနား များပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေက ဇာတင်အလှူတော်အခမ်းအနားကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တက်ရောက်

အဆိုပါအခမ်းအနားသို့ အေလာမြို့ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိမလအမှူးပြုသော သံဃာတော်အရှင်သူမြတ် များ ြွကရောက်တော်မူကြပြီး တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အေလာတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး