ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိစားသောက်ကုန်များ အက်ဖ်ဒီအေထောက်ခံချက်ရရှိမှ ထုတ်လုပ်ခွင့်လိုင်စင်ချပေးမည်

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိစားသောက်ကုန်များ အက်ဖ်ဒီအေထောက်ခံချက်ရရှိမှ ထုတ်လုပ်ခွင့်လိုင်စင်ချပေးမည်

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထောက်ခံချက်ရရှိမှသာ စားသောက်ကုန်များထုတ်လုပ်ခွင့် လိုင်စင်များ ချပေးမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာသန်းထွဋ်က ပြောဆို သည်။

ဘေးကင်းလုံခြုံစိတ်ချရမှု

"ဒီလိုဆောင်ရွက်ချက်က အစားအစာ တွေရဲ့ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် အရမ်း ကောင်းပါတယ်။ သူ့ရဲ့ဥပဒေကတော့ အစား အသောက်တွေကို ထောက်ခံချက်ရှိမှ လိုင်စင် ပေးရမယ်လို့ရေးထားပေမယ့် စည်ပင်သာယာ ရေးကော်မတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ဆုံး ဖြတ်ချက်နဲ့ အက်ဖ်ဒီအေထောက်ခံချက်ရရှိမှ သာ လိုင်စင်ပေးရမယ်လို့ ညွှန်ကြားလို့ရပါတယ်။ ဒါကိုလည်း ကျွန်တော့်အနေနဲ့ ကြိုဆိုပါတယ်။ ဒါမှလည်း လုံခြုံမှုကို ပြည်သူတွေရရှိခံစားရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရောင်းချခွင့်လိုင်စင်ထုတ်ပေး

ပြည်တွင်းဈေးကွက်၌ အက်ဖ်ဒီအေ ထောက်ခံချက်မရှိဘဲ သက်ဆိုင်ရာစည်ပင်က ထုတ်လုပ်ရောင်းချခွင့်လိုင်စင်များ ထုတ်ပေး ကာ ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်း များစွာရှိနေသည်ဖြစ်ရာ စားသုံးသူပြည်သူများ အတွက် အန္တရာယ်ကင်းဘေးရှင်းရေးနှင့် လုံခြုံစိတ်ချရသည့် စားသောက်ကုန်များသာ စားသုံးနိုင်ရေးအတွက် ယင်းသို့လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

"အခုဆိုရင် စားသုံးသူရေးရာဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ စားသုံးသူတွေအတွက် အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် စီစဉ်ဆောင်ရွက်ဖို့လုပ်နေပါတယ်။ ပြီးတော့ အက်ဖ်ဒီအေရဲ့ထောက်ခံချက်နဲ့ထုတ်လိုက် တဲ့ ကုန်ပစ္စည်းတိုင်းမှာလည်း FDA Approve ဆိုတဲ့စာတန်းတွေ ထည့်သွင်းဖို့ စီစဉ်ထားပါ တယ်"ဟု ၎င်းက ပြောဆိုသည်။

ပြန်လည်စိစစ်မည်

ထို့ပြင် အက်ဖ်ဒီအေ ထောက်ခံချက်မရှိ သည့်အရက်များကို လုပ်ငန်းလိုင်စင်များ ထုတ် ပေးကာ ဈေးကွက်အတွင်း ရောင်းချနေသည် ကိုပြန်လည်စိစစ်၍ အက်ဖ်ဒီအေထောက်ခံ ချက်ရရှိမှသာ အရက်စက်ရုံများကို လိုင်စင် ပေးခြင်း၊ ပစ္စည်းထုတ်လုပ်စေခြင်းများ ဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားပြီးဖြစ်ကြောင်း အက်ဖ်ဒီအေမှသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး