နေပြည်တော်ပျဉ်းမနား၌ မြေပြန့်ကော်ဖီ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးရန်စီစဉ်

နေပြည်တော်ပျဉ်းမနား၌ မြေပြန့်ကော်ဖီ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးရန်စီစဉ်

နေပြည်တော် ပျဉ်းမနားမြို့နယ်၌ မြေပြန့် ကော်ဖီများ လာမည့်မိုးရာသီမှစ၍ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

ဈေးကွက်ကောင်းကောင်း

"ပျဉ်းမနားမြို့နယ်အတွင်းမှာ မြေပြန့် ကော်ဖီကို စိုက်ခင်းတွေနဲ့ သေသေချာချာ စီးပွားဖြစ်စိုက်တာ မရှိကြပါဘူး။ စိုက်တဲ့သူတွေ အတွက် ဈေးကွက်လည်းကောင်းကောင်းမရှိ ပါဘူး။ ဒီလိုစီးပွားဖြစ်စိုက်တာလည်းမဟုတ်၊ ဈေးကွက် ချိတ်ဆက်နိုင်မှုကလည်းမရှိတော့ မျိုးကောင်းမျိုးသန့်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခု ကော်ဖီစိုက်ဧကတွေ ထပ်တိုး ချဲ့စိုက်နိုင်ဖို့ မျိုးကိုလည်းအစိုးရကကူညီပေး သွားမှာပါ" ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန် ကြားရေး မှူး ဦးမြင့်ဦးက ပြောဆိုသည်။

စီးပွားဖြစ်တိုးချဲ့စိုက်မည်

ပျဉ်းမနားမြို့နယ်၏အရှေ့ဘက်ရှိ အထက် ပေါင်းလောင်းဒေသသည် ပင်လယ်ရေမျက်နှာ ပြင် အထက်ပေ ၁၈၀ဝ မှ ပေ ၃၀ဝ၀ အတွင်း တည်ရှိပြီး မြေနိမ့်ကော်ဖီနှင့်ကုန်းမြင့်ကော်ဖီ များစိုက်ပျိုးနိုင်သည့် ရေမြေရာသီဥတုပိုင်ဆိုင် ထားသည်ဖြစ်၍ အဆိုပါဒေသတွင် ကော်ဖီ များကို စီးပွားဖြစ်ကျယ်ပြန့်စွာတိုးချဲ့စိုက်ပျိုး နိုင်ရေးစီစဉ်ခြင်းဖြစ်သည်။

ပြင်သစ်မှကော်ဖီမျိုး

စီးပွားဖြစ်စိုက်ပျိုးနိုင်ရန်အတွက် ကော် ဖီမျိုးများကို ပြင်သစ်နိုင်ငံမှ မြေနိမ့်ကော်ဖီမျိုး များရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြေနိမ့်ကော်ဖီမှာ အစေ့စိုက်ပျိုးခြင်းထက်အပင် စိုက်ပျိုးခြင်းက ပိုမိုကောင်းမွန်သည့်အတွက် အပင်များကိုဦးစွာပျိုးထောင်ပြီးမှ တောင်သူ များထံ ဖြန့်ဝေပေးသွားရန် စီစဉ်ထားသည်။

နာမည်ရ

မြန်မာနိုင်ငံထွက်ကော်ဖီမှာ ပြည်ပနိုင်ငံ များတွင်နာမည်ရနေပြီဖြစ်ပြီး လက်ရှိ အမေရိ ကန်နိုင်ငံသို့ တင်ပို့နေသော ကော်ဖီများမှာ တောင်ပေါ်ဒေသများ၌စိုက်ပျိုးသည့် ကော်ဖီ များဖြစ်ကြောင်း၊ မြေပြန့်ကော်ဖီများကို နေပြည် တော် ပျဉ်းမနားမြို့နယ်တွင် ဧကအနည်း ငယ်သာ စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။

အဓိကတင်ပို့

မြန်မာ့ကော်ဖီကို ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ အမေရိကန်၊ ကိုရီးယားနိုင်ငံတို့သို့ အဓိကတင်ပို့နေရကြောင်း စိုက်ပျိုးရေးဦးစီး ဌာနကော်ဖီသီးနှံဌာနခွဲမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး