နာမည်ပြဿနာ ...

နာမည်ပြဿနာ ...

ကုမ္ပဏီကြီးတစ်ခုက မန်နေဂျာချုပ်ဟာ ရုံးခန်းထဲမှာ လူသစ်တစ်ဦးကို သတိထားမိတာကြောင့် သူ့အခန်းထဲမှာ လာတွေ့ဖို့ ပြောလိုက်ပါတယ်။

မန်နေဂျာချုပ် − "မင်းနာမည် ဘယ်လိုခေါ်လဲ"

ဝန်ထမ်းသစ် − "ဂျွန်ပါခင်ဗျာ"

မန်နေဂျာချုပ် (မျက်မှောင်ကြုက်ကြည့်ပြီး) − "ဒီမှာ... နားထောင်ကွ။ ဘယ်လိုအစုတ်အပြတ်နေရာမျိုးမှာ အရင်က မင်းအလုပ်လုပ်ခဲ့တယ် ဆိုတာ ငါမသိဘူး။ အလေ့အကျင့်ကောင်းဆိုတာ မွေးယူရတယ်။ ငါ့ဝန်ထမ်းတွေကို နာမည်မေးလိုက်ရင် မိသားစုနာမည်ကို ပြောတာပဲ ငါသဘောကျတယ်။ ငါ့နာမည် Tom Robertson ကိုဆိုရင် Mr Robertson လို့ပဲ ငါ့ကိုခေါ်ရမယ်။ ဟုတ်ပြီလား... ကဲ... အခု မင်းရဲ့ မိသားစုနာမည်ကို ပြောပါဦး"

ဝန်ထမ်းသစ် (သက်ပြင်းချပြီး) − "Darling ပါ။ ကျွန်တော့်နာမည်က John Darling ပါ"

မန်နေဂျာချုပ် − "အို... အိုကေ... ကောင်းပြီ ဂျွန်ရေ"

မို့မို့သော် ဘာသာပြန်သည်။