ခရီးသွားတစ်ဦးဟာ တောင်အမေရိကမှာရှိတဲ့ အထူထပ်ဆုံးတောအုပ်တွေထဲက တစ်ခုဆီကို ဧည့်လမ်းညွှန်နဲ့အတူ သွားရောက်လည်ပတ်ပါတယ်။
ရှေးဟောင်းဘုရားကျောင်းတစ်ကျောင်းကို တွေ့တဲ့အခါ အထဲကို ဝင်ကြည့်ကြပြီး စိတ်ဝင်စားစရာကောင်းတဲ့ နေရာမို့ ခရီးသွားဧည့်သည်ဟာ ဧည့်လမ်းညွှန်ကို အသေးစိတ် မေးမြန်းပါတော့တယ်။
ရှေးဟောင်းသုတေသနပညာရှင်တွေဟာ တူးဖော်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီး ရတနာပစ္စည်းတွေကို ရှာဖွေနေဆဲပဲဖြစ်တယ်လို့ ဧည့်လမ်းညွှန်က ပြန်လည်ရှင်းပြတာကြောင့် ဘုရားကျောင်းရဲ့သက်တမ်းကို ခရီးသွားက မေးလိုက်ပါတယ်။
"နှစ်ပေါင်း ၁,၅၀၃ နှစ်ရှိပြီ"လို့ ဧည့်လမ်းညွှန်က မဆိုင်းမတွ ဖြေလိုက်တာကြောင့် ခရီးသွားဧည့်သည်ဟာ အထင်ကြီးသဘောကျသွားပြီး ဘယ်လိုများ နှစ်အတိအကျသိနေတာလဲလို့ မေးခွန်းထုတ်လိုက်ပြန်ပါတယ်။
အဲဒီအခါ ဧည့်လမ်းညွှန် အဖြေပြန်ပေးလိုက်တာက "အလွယ်လေးပဲလေ။ ဒီဘုရားကျောင်းရဲ့ သက်တမ်းက နှစ်ပေါင်း ၁,၅၀ဝ ရှိပြီလို့ ရှေးဟောင်း သုတေသနပညာရှင်တွေက လွန်ခဲ့တဲ့ သုံးနှစ်က ပြောခဲ့ကြတာပဲ"တဲ့။







