တစ်နေ့တွင် ဆရာဝန် ဦးငွေကြည်၏ ဆေးခန်းအတွင်းသို့ သက်လတ်ပိုင်း လူငယ်တစ်ဦး ဝင်လာပြီး ဆရာဝန်နှင့် တွေ့ခွင့်တောင်းသည်။
ဆရာဝန်က အလှည့်ကျ လူနာတွေအပြီး လူငယ်နှင့် တွေ့သည့်အခါ
လူငယ် - "ဆရာ၊ ကျွန်တော့်ကို အသက် ၁၀ဝ ကျော်အထိ ရှည်မယ့်ဆေး၊ ဒါမှမဟုတ် ကျန်းမာတဲ့ ဘဝနေထိုင်နည်းလေး ပြောပြပါခင်ဗျာ"
ဆရာဝန် - "အင်း.. မင်း ဆေးလိပ်သောက်လား"
လူငယ် - "မသောက်တတ်ဘူး ခင်ဗျ"
ဆရာဝန် - "အရက်၊ ဘီယာရော"
လူငယ် - "အာ..အဲဒါတွေလည်း ကျွန်တော် မကြိုက်ပါဘူးခင်ဗျာ"
ဆရာဝန် - "ဒါဆို မင်း မိန်းမကိစ္စတော့ လိုက်စား တယ်ပေါ့"
လူငယ် - "ဗျာ- မိန်းမကိစ္စဆို အဝေးကြီးမှာပါ.. ကျွန်တော် ဝါသနာမပါဘူး"
ဆရာဝန် - "လောင်းကစားရောကွာ"
လူငယ် - "ကျွန်တော် အန်စာတုံးတောင် မခေါက်တတ်ဘူးဗျ"
မေးခွန်းမေးနေသည့် ဆရာဝန် ဦးငွေကြည်က လူငယ် ပြန်ဖြေတဲ့ စကားတွေအဆုံး မျက်မှန်ပေါ်က ကျော်ကြည့်ရင်း တအံ့တသြ ပြောလိုက်တာက
"ဟေ... ဒါနဲ့များ မင်းမို့လို့ အသက် ၁၀ဝ ကျော် အသက်ရှည်ချင်သေးတယ်... အံ့ပါ့ကွာ" တဲ့။







