မန္တလေးမြို့ ကျုံးအနောက်ဘက်ခြမ်း ရေပြင်တွင် ရေနစ်သေဆုံးသူ အမျိုးသမီးနှင့်ပတ်သက်၍ သက် ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။
မေ ၁၁ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် မန္တလေးမြို့ ကျုံးအနောက်ဘက်ခြမ်း ရေပြင်တွင် သေဆုံး နေသည့် အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူ အမျိုးသမီးမှာ အဝါရောင်အကျီနှင့် အနက်ရောင်လုံခြည်ကို ဝတ်ဆင်ထားပြီး ပြင်ပဒဏ် ရာမတွေ့ရှိဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ခန္တီမေတ္တာ (အခမဲ့) နာမှူကူညီရေး အသင်းမှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။
အမျိုးသမီး ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက သေဆုံးသူ၏ အမည်နှင့်နေရပ်လိပ် စာများ ကို စုံစမ်းလျက်ရှိပြီး သေမှုသေခင်း အမှတ်စဉ် (၁၉/၁၈)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















