ကားခေါင်မိုးပေါ်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ကျပ်သိန်း ၉၄၀ဝ ကျော်ဖိုးသိမ်းဆည်းရမိ

ကားခေါင်မိုးပေါ်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ကျပ်သိန်း ၉၄၀ဝ ကျော်ဖိုးသိမ်းဆည်းရမိ

ကချင်ပြည်နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ ကျပ်သိန်း ၉၄၀ဝ ကျော်ဖိုးခန့် ကို သိမ်းဆည်းရမိခဲ့ကြောင်း မိုးမောက်ရဲစခန်းမှ မေ ၁၁ရက်နေ့က သိရသည်။

မေ ၁၀ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ကျောက်စခန်းပူး ပေါင်းစစ် ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၁)အဖွဲ့မှ ရဲအုပ်စိုးဝင်း ဦးစီးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း အဖွဲ့ဝင်များသည် လွယ်ဂျယ်ဘက်မှ မိုးမောက်ဘက်သို့ ပန်ဆိုင်း(ကြူကုတ်)မြို့နေ ယာဉ်မောင်းခေါဘောမ်(၂၇)နှစ်မောင်းနှင်လာသည့်  တိုယိုတာအေ့စ် ယာဉ်ကို  သတင်းအရ စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်၏ခေါင်မိုးပေါ်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ဘိန်းဖြူမှုန့်ဆပ်ပြာခွက် တစ်ခွက်လျင်(၁၁)ဂရမ်ခန့်စီပါ(၈၅၉)ခွက်ဘိန်းဖြူအလေးချိန်(၉၄၄၉)ဂရမ်၊မြန်မာငွေ(၄၅၀ဝ၀ဝ)ကျပ်၊နိုင်ငံသားစီစစ်ရေးကတ်ပြားတစ်ခု၊မြန်မာ-တရုတ် ခရီးသွားလာခွင့်လက်မှတ် စာအုပ်တစ်အုပ်၊ ဟန်းဆက်တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

မိုးမောက်ရဲစခန်းက မယ(ပ)၁၃/၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က) အရ အမှုဖွင့် အရေးယူထားသည်။