သရက်ချောင်းမြို့တွင် အအေးခန်းကုန်တင်ယာဉ် ဘရိတ်ရှုးပေါက်မီးလောင်

သရက်ချောင်းမြို့တွင် အအေးခန်းကုန်တင်ယာဉ် ဘရိတ်ရှုးပေါက်မီးလောင်

မြိတ်မြို့ အောင်သက်ရက်ချောင်းကျေးရွာအနီး  အအေးခန်းကုန်တင်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုမရှိကြောင်း သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ထွေးက မေ ၁၁ ရက် ညနေ ပိုင်းကပြောသည်။

မေ ၁၁ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မြိတ် ထားဝယ် ကားလမ်းမ အောင်သရက်ချောင်း ကျေးရွာအနီး ယာဉ်မောင်း အောင်အောင် မောင်းနှင်လာသော အီဇူးဇူး အမျိုးအစား အအေးခန်းကုန် တင်ယာဉ်သည် ဝဲဘက်ကားဘီး ဘရိတ်ရှူး ပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

'' ကုန်တင်ကားမီးလောင်တာ ဟုတ်ပါတယ်။ လူသေဆုံးမှုမရှိဘူး။ လောလောဆယ် နယ်မြေရဲကင်း  တပ်ဖွဲ့တွေက စစ်ဆေးနေတယ်" ဟု ရဲမှူးစိန်ထွေးကပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရတနာသီရိလူမှုကူညီရေးအဖွဲ့မှ သွားရောက် ကူညီခဲ့ပြီး ယာဉ်မောင်း အောင်အောင် ကို သရက်ချောင်းနယ်မြေရဲခစန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။